အခန်း ၄

72 9 0
                                    

အပိုင်း(၄)

       အိပ်မောကျနေပြီဖြစ်သော အမဖြစ်သူ
ကို မိုးသက်ပြုံး၍ကြည့်လိုက်မိသည်။ ကုတင်
တစ်လုံးစီဖြစ်သော်လည်း အလုပ်သမားတန်း
လျားလေးတွင်မို့  တစ်ခန်းစီမအိပ်ကြရပါ။
         မိုးသက် နှင်းကဗျာ၏ကိုယ်ပေါ်သို့ စောင်
ပါးလေးကိုခြုံပေးလိုက်၏။ မိခင်လို အမလို
သူငယ်ချင်းလို ချစ်ရသော အမဖြစ်သူက မိုး
သက်ဘဝတွင် အတွယ်တာရဆုံး လူသားတစ်
ယောက်မဟုတ်ပါလား....
        အမဖြစ်သူ နှင်းကဗျာနှင့် ပြောခဲ့ဖူးကြ
သောစကားအချို့ကို ကြားယောင်လာမိသည်။

          " မောင်လေးက မမရဲ့ ကမ္ဘာကြီးပါ...
မမက မောင်လေးကို အမြဲတမ်း အချစ်ဆုံးပဲ..."
 
          "ဒါကတော့...မမချစ်သူမရခင်ပြောတာ
ပါဗျာ...ချစ်သူရရင် ကျွန်တော်က နံပါတ်နှစ်ဖြစ်
သွားမှာပါ..."

           "ဟင့်အင်း....ချစ်သူရခဲ့ရင်တောင်...
အဲ့ဒီချစ်သူဟာ မောင်လေးနဲ့အဆင်ပြေတဲ့သူ
မောင်လေးကို ပံ့ပိုးပေးနိုင်မယ်သူကိုပဲရွေးမှာ..
           ချစ်သူရခဲ့ရင်လည်း အဲ့ဒီ့ချစ်သူဟာ
မောင်လေးနဲ့ ယှဉ်ရင် နံပါတ်တစ်ဖြစ်မလာစေရ
ဘူး... မောင်လေးက မမ မသေမချင်း မမ အ
တွက် တစ်ဦးတည်းသော နံပါတ်တစ်..."

         "ဟား...ဟား...အပျိုကြီးက အပြော
ကောင်းချက်ဗျာ...မယုံပါဘူးဗျာ..."

          "တကယ်ပါဆို..."

          "မယုံဘူး...ယုံစေချင်ရင် မုန့်ဝယ်ကျွေး.."

           "ဟား...ဟား...ဒီကောင်လေးကတော့
လေ..."

           မိုးသက် နှင်းကဗျာကိုစောင်ခြုံပေးပြီး
သည်နှင့် သူ၏ကုတင်လေးရှိရာသို့ သွားရန်ထ
လိုက်၏။

           "အစ်ကို....အစ်ကိုထင်လင်း..."

           "ဟင်..."

           မိုးသက် အံ့ဩသွား၏။ သူ၏အမသည်
ထင်လင်းနာမည်ကို ယောင်၍ရေရွတ်နေသည်
မဟုတ်ပါလား...

         "နှင်း...နှင်းလေ...အစ်ကို့ကို ချစ်ပါတယ်..."

         "ဟင်... "

          နှင်းကဗျာ ထပ်ယောင်လိုက်သောစကား
ကြောင့် မိုးသက်မျက်လုံးပြူးသွား၏။ မိုးသက်
အံ့ဩသွားသည်မှာ မဆန်းပါချေ။ ရင်ဖိုပင်မ
သမ်းဖူးသော အမဖြစ်သူ အပျိုသိုးလေးက
ယောက်ျားတစ်ယောက်ကို ချစ်သည်ဆိုပါလား...
        
          မိုးသက်ကြည့်နေဆဲမှာပင် နှင်းကဗျာ
လန့်နိုးလာ၏။ သူမ မလုံမလဲဖြင့် မိုးသက်ကို
ပြောလိုက်၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now