𝐅𝐑𝐈𝐄𝐍𝐃-3:𝐈

68 5 9
                                    

[𝐈]

-ကိုယ့်ဘဝရဲ့အဆုံးသတ်ရောက်လာပြီထင်တယ်။

-Jiminက ယောကျာ်းတစ်ယောက်ကို လိုက်နေတယ်ဆိုတဲ့ သတင်းက စုံစမ်းစရာမလိုဘဲ ကိုယ့်နားထဲရောက်လာခဲ့တယ်။

"မင်းတကယ်ပဲမကြားမိတာလား၊ မင်းကို သူမပြောပြတာတော့ အံ့ဩတယ်ကွာ"

"သူ့ကိစ္စနဲ့သူပါကွာ"

"မင့်ဟာကလည်း...အခုက မင်းကိုလုံးဝအသိမပေးတာကြီးကို"

"ငါသိထားသလိုလိုတော့ရှိပါတယ်"

"ကာကွယ်ပေးနေပြန်ပြီ"

"မဟုတ်တာကွာ"

"သူတွဲနေတာက မင်းအသိထဲကပဲ"

-အနေသိပ်မစိမ်းတဲ့ သူငယ်ချင်းတစ်ယောက်ဆီက သတင်းရသည်။

-ဆိုးတာက ကိုယ့်အသိထဲက သူနဲ့တွဲနေတာပဲ။

-ကိုယ့်ကို ရိုက်ချလိုက်သလိုပဲ။

-အဆင်ပြေတယ်လို့ လိမ်ညာချင်ပေမယ့်လည်း ရူးတော့မလိုပဲ။

-စီးကရက်ဘူးထဲက လက်ကျန်တစ်လိပ်ကို ကိုင်လိုက်၊ ချလိုက်နဲ့ အချိန်အတော်ကြာသွားသည်။

-အဝင် call ဆက်တိုက်ရှိ‌နေတဲ့ Phoneကိုလည်း ကိုင်လိုက်ဖို့ မစဉ်းစားမိပါ။

"ဘာလို့အခုမှကိုင်တာလဲ"

"ဘာကိစ္စလဲ"

"ငါက မင်းကို ကိစ္စရှိမှဆက်ရမှာလား"

"လိုရင်းကိစ္စသာပြော"

"ဆုံနေကြဆိုင်လာခဲ့ကွာ..‌"

"မလာချင်ဘူး"

"ငါ့ကို ငြင်းနေတာလား၊ လာစရာရှိလာခဲ့ကွာ"

"အေးပြီးတာပဲ"

-ကိုယ်က ဘယ်တုန်းက ငြင်းတာရှိလို့လဲ။

-မင်းအနားအမြဲရှိပြီး ကူညီပေးခဲ့တာပဲ။

•••

"YoonGi...မင်း သူ့ကိုသိမှာပါ"

"မသိစရာလား"

𝙳𝚘𝚞𝚋𝚕𝚎 𝙼𝚒𝚗 [𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬]Where stories live. Discover now