ep(8)

2.7K 148 1
                                    

🖤 CAN'T LOSE YOU 🖤



ep(8)






" ဘာလဲ ပြော "

" ဘာလို့ ဖုန်းမကိုင်တာလဲ "

" မကိုင်ချင်လို့ မကိုင်တာ အတော့ ဘာဖြစ်လဲ "

နှုတ်ခမ်းတထော်ထော်နဲ့ လူကို ရန်ထောင်နေတဲ့ ယုန်ဆိုးက သူ့ကို မကျေမနပ်ဖြစ်အောင် ဘာများ လုပ်မိလို့ပါလိမ့် ။ ဦးနှောက်ကို အမြန်အလုပ်ပေးလိုက်တော့ "ခင်ဗျားလုပ်စာ ထိုင်စားနေတဲ့သူမဟုတ်လို့ အဲ့လေသံနဲ့ လာပြောစရာ မလိုဘူး "


"ကို့ကို စိတ်ဆိုးနေတာလား "

"ဘာအတွက်လဲ အနေသာကြီးနော် စိတ်ဆိုး စိတ်ကောက်ရတဲ့အထိ ရင်နှီးတဲ့ ဆက်ဆံရေးမျိူး အကိုနဲ့ ကျနော့်မှာ မရှိဘူး ထင်တယ် "


ရှောင်ကျန့်ရဲ့ စကားတွေက ရိပေါ်ကို ဒါသထွက်စေ အမှန်ဘဲ ။ ဒေါသထွက်လွန်းလို့ ရှေ့ကဟာလေးကို ကိုင်စောင့် ပစ်ချင်နေတာ ။


"ok ... ဒါဆို ခွင့်ပြုပါအုံး ရှောင်ကျန့် "

သူ့ကို နှုတ်ဆက်ပြီး ဆိုင်ကယ်ပေါ် ပြန်ခွနေတဲ့ သူက စိတ်ဆိုးသွားတာများလား ။ ဘာဖြစ်ဖြစ်ပေါ့ ငါနဲ့ ဘာဆိုင်လို့လဲ ။ နှလုံးသားက စိုးရိမ် ပူပန်မှုတွေကို ဦးနှောက်က အမြန်ငြင်းပယ်ရင်း မသိစိတ်ကို အမြန်ထိန်းချုပ်လိုက်သည် ။

ပြောချင်တယ် ဆိုင်ကယ်ကို ဖြေးဖြေး မောင်းဖို့ ... ။ ဟင့်အင်း ငါရဲ့ သက်ဆိုင်သူမှ မဟုတ်တာ


"သားသား ဘာလုပ်နေတာလဲ အဲ့မှာ "

တစုံတယောက်နောက် ပါသွားတဲ့ သူ့စိတ်တွေက မမရဲ့ ခေါ်သံမှာ ရပ်တန့်နေခဲ့ရသည် ။ သူမသိလိုက်ပါဘူး သူ့နှလုံးသားလေးကို လူဆိုးကောင်က ခိုးယူသွားပြီဆိုတာ


"မမ ဟို သား သားက အသိတယောက်တွေ့လို့ လာနှုတ်ဆက်နေတာပါ "

"အော် ဒါဆိူလည်း ပြန်ကြမယ်လေနော် ဘာစားချင်သေးလဲ ကလေး "


"ဟို သား ရေခဲမုန့်နဲ့ ကိတ် စားချင်တယ်မမ ဟီး > < "


"ကို သားငယ်ပြောတာတွေ တနေရာထဲ ရမဲ့ဆိုင်ကို ဘဲ မောင်ပေးပါ "

🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now