အပိုင်း(၂)

107 13 2
                                    

Uni

_________

"ဒီနေ့ ကျူရှင်ရှိသလား ဖေဖေ"

အပိုကိစ္စတွေ မမေးတတ်သော သမီး ဖြစ်သူ
ကြောင့် ဦးမောင်မောင် မှာ မျက်ခုံးပင်
ပင့်သွားရပါသည်။ မာယာ့ကြည့်တော့
အေးဆေးစွာ မနက်စာစားနေပြန်သည်
မသိရင်သူဘာမှ လုပ်မထားသည့် အမူအယာဖြင့်

"ဟုတ်တယ်ညနေကြ ဟိုကလေး လာမှာ"

"အင်း...တိမ်လွှာမြင့်မိုရ်"

"ဟုတ်တယ် "

ဖခင်ဖြစ်သူရဲ့ကားသံလေး ခြံထဲကနေ တရွေ့ရွေ့
ဝေးကွာသွားသည်ထိ မာယာ့ အသိစိတ်တို့
ကိုယ်ခန္ဓာဆီပြန်ရောက်မလာ
ခြံထဲက နှင်းဆီနီနီတွေဆီ သို့မဟုတ်
အိမ်နောက်ဖေးက စိန်ပန်းပင်ကြီးဆီ၌လား
ဒါမှမဟုတ်ရင်မနေ့ကမှ သိလိုက်ရတဲ့
တိမ်လွှာ မြင့်မိုရ်ဆိုတဲ့ ကလေးမလေး ဆီမှာလား

မာယာ နှုတ်ခမ်းတွေက မာယာ့ကို
ပြန်သစ္စာဖောက်ပါတယ် ။
နှင်းဆီနီနီလေးပန်ထားတဲ့ တစ်စုံတစ်ဦးကို
ပြန်မြင်ယောင်မိတော့ ထမင်းကြော်တွေ ဝါးနေရင်းက စိတ်လိုလက်ရ ပြုံးမိတာမျိုး
သူ့ နှုတ်ခမ်းတွေ ခုလို စိတ်လိုလက်ရ
မကွေး လာတာ နှစ်တွေလတွေကြာချီနေပါပြီ
အခုတော့ ကလေးမလေးတစ်ယောက်အတွက်နဲ့
မာယာမေ မပီသလိုက်တာ ကွယ်...

" မာယာ..! မာယာ ..ဟဲ့!"

"မေမေဟာ အမြဲအော်နေတာဘဲ ဒီမှာ မာယာ
မနက်စာစားနေတယ်လေ "

"ဖုန်းလာနေတယ်ရော့ "

မာယာ ကို မေမေက မျက်စောင်းထိုးကာ
ဖုန်းပေးရင်းဆောင့်အောင့်လို့ ထွက်သွားသည်။
မာယာ ဖုန်းကို ကြည့်တော့ အကိုထွန်းဆီကပင်

"ဟယ်လို အကိုထွန်း"

"မာယာပြောတဲ့ အရောင်မရဘူး မာယာ"

"အမျိုးအစားကရော "

"အမျိုးအစားကရတယ် အရောင်က
မာယာလိုချင်တာ မရဘူး"

မာယာက တိုးတိုးလေး သက်ပြင်းချတာကို
ထွန်းအောင်မြင်ကလေလှိုင်းထဲကနေ
ကြားဖြစ်အောင်ကြားလိုက်သေးတာ
သူလဲ တစ်မြို့လုံးနှံ့နေပြီ မာယာမှာတဲ့
အပြာ ပိတ်ပိတ်ခပ်မှိုင်းမှိုင်းကို
ဘယ်နေရာမှာမှ ရှာမရဘူး
မတတ်နိုင်တဲ့အဆုံး ဖုန်းဆက်လိုက်ရတာ

ᴍᴀʀ ʏᴀʀ Where stories live. Discover now