part 3

557 33 16
                                    

Part-3      17 May 2023

"ခွန်းစဝ်မဟာမောင် ဘယ်မလဲ!"

ဟိန်းခနဲထွက်လာသော ရီဝေရဲ့အသံကြောင့် ကလေးမတစ်သိုက်မှာ ခေါင်းပင်မဖော်ရဲ။

"ဟို…စော်ဘွားလေးက နေမကောင်းလို့ ဆေးသောက်ပြီး နားနေတယ်ရှင့်"

ရီဝေ ‌အာရုံစိုက်နားထောင်၍သာ တော်တော့သည်။ခြင်အော်သံလောက်တောင် မကျယ်သည့် ထိုကလေးမရဲ့ စကားအဆုံးမှာ ရီဝေ မျက်နှာတင်းခနဲ ဖြစ်သွားပြီး စိတ်မရှည်စွာဖြင့် အခန်းရှိရာသို့ ခပ်မြန်မြန်လျှောက်သွားလိုက်မိသည်။ဒီနေ့မြင်သမျှ ကြားသမျှ ဘယ်လိုမှ အကောင်းဖက်ရောက်မနေ၍ ရီဝေစိတ်ထဲ ဒေါသတို့က တထောင်းထောင်း။

"ခွန်းလေးကို ဒီဒီပြနေကြ ဒေါက်တာဆီမှာတွေ့လိုက်တယ် လက်ဖဝါးက ဟက်တက်ကြီးကွဲလို့ တော်တော်ဆိုးဆိုးပဲ။ရီလေး သားတို့က အိမ်ထောင်ဖက်တွေဖြစ်နေပြီမလို့ မချစ်ရင်တောင်မှ တစ်ယောက်အပေါ်တစ်ယောက် ဂရုစိုက်ပေးရမဲ့တာဝန်ရှိတယ်။သားက ပိုလို့တောင် ခွန်းလေးကိုဂရုစိုက်ပေးသင့်တယ်။သူ့ခမျာ သားကြောင့်နဲ့ အသိုင်းအဝိုင်းတစ်ခုလုံးက ဖယ်ကျဉ်တာကို ခံလိုက်ရတာ။သူ့မှာမှီခိုစရာ သားတစ်ယောက်ပဲရှိတော့တယ်။ရင့်ကျက်ဖို့သင့်ပြီ ရီလေး"

ကားပေါ်ကအဆင်း ထူးထူးဆန်းဆန်း ဖုန်းဆက်လာသော အန်ကယ်ဒီဒီရဲ့စကားများမှာ ဆူပူခြင်းဖြင့်သာ အစပြုလာ၍ ရီဝေသိပ် မကျေနပ်ချင်။Family Doctor ရှိပါလျက်နှင့် ဆေးရုံကိုသွားသည့် မောင်ကကော ဘာအချိုးချိုးတာလဲ။မနက်က အကောင်းအတိုင်း ကျန်နေခဲ့သည့်လူက ဘာကိစ္စနဲ့…ရီဝေ သိပ်ကို စိတ်ညစ်လှပြီ။

အခန်းတံခါးကိုဖွင့်လိုက်သည်နှင့် ကုတင်ပေါ်က စောင်လုံးလုံးလေးကို တန်းခနဲ မြင်နေရသလို တစ်စုံတစ်ယောက်က မျက်နှာလေးသာဖော်ပြီး စောင်ပုံကြားထဲမြှုပ်ကာ အိပ်မောကျနေ၏။ရီဝေ ခြေထောက်ဖွဖွနင်း၍ ကုတင်ဘေးအသာအယာ တိုးကပ်သွားလိုက်ပြီး အဖျားစမ်းကြည့်လိုက်သော် အပူရှိန်က ခပ်နွေးနွေး။

"ကိုကို"

ရီဝေ လက်ကိုပြန်မရုတ်သိမ်းခင် နိုးလာဟန်ရှိသော မောင်က ရီဝေကို မျက်နှာငယ်လေးဖြင့် ကြည့်ကာ ငုတ်တုတ်ထထိုင်သည်။ခြုံထားသော စောင်မှာ ခွန်းကိုယ်ပေါ်မှ လျှောကျသွားသည်နှင့် ပတ်တီးစည်းထားသော ညာဘက်လက်က ထင်းခနဲ။ရီဝေအကြည့်များက ထိုလက်သို့ ရောက်သွားပါမှ မောင်ကအကြောက်အကန်ဖြင့် လက်ကိုဝှက်ထားသည်။

You've reached the end of published parts.

⏰ Last updated: May 17, 2023 ⏰

Add this story to your Library to get notified about new parts!

Let's see in Next lifeWhere stories live. Discover now