_11_

280 48 8
                                    

Unicode..

ကျောင်းခရီးကပြန်ရောက်ပြီးနောက်ပိုင်း ပုံမှန်နေ့စဉ်ဘဝကို ပြန်လည်ဖြတ်သန်းချိန်ကျ ရှဉ့်ပေါက်စကိုနမ်းဖို့ ရှဉ့်ပေါက်စကို ဖက်ဖို့နှင့် ရှဉ့်ပေါက်စအတွက် အချိန်ပေးဖို့ရယ် သခင်လေးအတွက်အလုပ်တွေ ထပ်တိုးလာခဲ့သလို ဟိုဆော့နေ့စဉ်ဘဝတွင်လည်း ရည်းစားရပြီးနောက်ပိုင်းကျောင်းတူတူမသွားခင် သခင်လေးပါးပေါ် အနမ်းတစ်ပွင့်ပေးရတာနဲ့ အချိန်အပိုင်းအလုပ်ပြီးချိန်ကျ ဖုန်းဆက်ပြီးလာကြိုဖို့ အမြဲခေါ်ရတာနဲ့ ဖြတ်သန်းရသည့်နေရက်များက ကြည်နူးစရာများသာဖြစ်နေခဲ့သည်။

ခုလည်း အချိန်ပိုင်းအလုပ်ပြီးသွားတာမို့ ဆိုင်ရှေ့က လှေကားအဆင်းလေးမှာ သခင်လေး လာကြိုတာကို ထိုင်စောင့်နေချိန် အမြွှာနှစ်ကောင်က မပြန်သေးဘဲသူ့နားရစ်တီ ရစ်တီလုပ်နေသည်။

"ရူဘီ...နင့်သူငယ်ချင်းရည်းစားရနေပြီထင်တယ်"

"ဟုတ်လောက်တယ် ဂျိမ်းစ်...
အလုပ်ဆင်းချိန်တိုင်း ငါတို့သာပြန်သွားတယ် ဟိုဆော့အမြဲ အဲ့လိုထိုင်စောင့်ပြီး ကျန်ခဲ့တာ...
မရဘူး ဒီနေ့တော့ ငါတို့ အိမ်မပြန်ဘဲအမိဖမ်းရအောင်..."

"အေး သွားမယ်..လာ..."

"ဟိုဆော့ မပြန်သေးဘူးလား..."

"အမလေး...လန့်လိုက်တာ..."
လှေကားထစ်နား ထိုင်ရင်း ဖုန်းကိုကြည့်ရင်း သခင်လေးလာကြိုတာကို မျှော်နေချိန် ပြဲလွန်းသည့် ရူဘီ့၏ အော်သံကြောင့် လိပ်ပြာလွင့်မတတ် လန့်သွားရသည်။

"ဖြည်းဖြည်းပြောလည်းရပါတယ် အာပြဲစိန်ရယ်.."

"စကားလမ်းကြောင်းမလွှဲနဲ့ အိမ်မပြန်သေးဘူးလား အဲ့မှာဘာထိုင်လုပ်နေတာ..."

"ဘာမှ...မလုပ်ပါဘူး
ဒီတိုင်း အိမ်မပြန်ချင်သေးလို့ ပျင်းလို့ထိုင်နေတာ..."

"အရမ်း ပျင်းနေတယ်ပေါ့..
အရမ်းပျင်းနေရင်လာ ငါတို့နဲ့ ကာရာအိုကေဆိုင်သွားမယ်..."

"လိုက်လို့မရဘူး ငါအိမ်ပြန်နောက်ကျလို့ မဖြစ်.."

"တိတ်!!!!
ဘာသံမှထပ် မထွက်နဲ့ လိုက်ခဲ့..."
အာပြဲစိန်မရူဘီက ငြင်းခွင့်‌တောင်မပြု သူ့ဂုတ်ကနေဆွဲပြီး ဆိုင်ကိုရအောင်ခေါ်သွားတာမို့ သူလည်းအမြွှာနှစ်ကောင်ကြားညပ်ကာ ပြေးမလွတ်ဘဲ ပါသွားတော့သည်။

Not The Last TimeWhere stories live. Discover now