The Past (14)

32 4 2
                                    

ယနေ့ စာသင်နေချိန် ဦးဥက္ကာယံ မှ အလုပ်ပေါ်လာ၍ သူနှင့် ယံယံ အား ထားခဲ့ကာ ထွက်သွားသည်။ မကြာခင် ဧည့်ခန်းထဲမှ ဖုန်းမြည်လာ၍ ယံယံ က ပြေးကာသွားကိုင်သည်။

''Hello. မေမေ။ ဟုတ်ကဲ့ ဖေဖေ မရှိဘူး။ တကယ်လား။ ယံယံ စောင့်နေမယ်နော်။''

''ယံယံ။ ဘယ်သူဆက်တာလဲ။''

''မေမေ ပါ။ ယံယံ ဆရာ့ ကို မေမေ နဲ့ တွေ့စေချင်တယ်။''

ညွှန်း အိမ်ကြီးထဲတွင် သူစိမ်းအမျိုးသမီးတစ်ယောက်နှင့် ရှိရမည်မှာ အဆင်မပြေလှသော်လည်း၊ ယံယံ ၏ တောက်တောက်ပပ မျက်ဝန်းလေးများနှင့် ရင်ဆိုင်လိုက်ရသည့်အခါ၊ အမေဖြစ်သူအား စောင့်နေမိ၏။

နာရီဝက်မျှ ကြာပြီးနောက် အိမ်ရှေ့ခြံတံခါးပွင့်သွားကာ အမျိုးသမီးတစ်ယောက်ဝင်လာသည်။ ယံယံ မှ ''မေမေ" ဟုခေါ်ကာ ထိုအမျိုးသမီးဆီပြေးသွားသည်။

"မေမေ့ သားလေး။ မေမေ အရမ်းလွမ်းနေတာ။ ဘာတွေလုပ်နေတာလဲ သားလေးက။"

"ယံယံ ဆရာ နဲ့ စာသင်နေတာ။''

ညွှန်း က ယံယံ အနောက်ဘက်တွင်ရပ်နေသည်။ သူမ က ယံယံ ခေါင်းမှ ဆံပင်လေးများအား ပွတ်သတ်ဖွလိုက်ကာ ညွှန်း အား မော့ကြည့်လာသည်။ ထို မျက်ဝန်း တစ်စုံအား တိုက်ရိုက် အကြည့်ချင်း ဆုံသွားသည့်အခါ ညွှန်း ရင်ဘတ် အတွင်းပိုင်းတစ်နေရာမှ စူးရှစွာ နာကျင်လာကာ ကြောက်စိတ်တို့ဖြင့် တုန်လှုပ်လာသည်။

အသက်ရှူကြပ်သည့် ခံစားချက်တို့ဖြင့် မျက်စိများဝေဝါးကာ ပုံရိပ်ယောင်တစ်ချို့ပေါ်လာသည်။ ‌ယိမ်းယိုင်လာသည့် ခြေထောက်တို့ကြောင့် မတ်မတ်ရပ်နိုင်ခြင်းမရှိတော့။

"ညွှန်း။"

ဦးဥက္ကာယံ ကားပေါ်မှ ပြေးဆင်းလာကာ ညွှန်း ပုခုံးအားကိုင်ပြီး လဲကျတော့မည်မှ ကာကွယ်ပေးလိုက်သည်။

"ညွှန်း အဆင်ပြေရဲ့လား။"

"ဟုတ် ရ ရပါတယ်။ ကျတော် ပြန်တော့မယ်။"

"ကိုယ် လိုက်ပို့ပေးမယ်။"

ညွှန်း က သူ့ပုခုံးများအား ဆုတ်ကိုင်ပေးထားသည့် ဦးဥက္ကာယံ လက်များအား ညင်သာစွာ တွန်းထုတ်လိုက်ကာ ငြင်းလိုက်သည်။ သို့သော်လည်း ထိုခနမှာတင် သူ့ ခြေထောက်များ ပြန်လည်ပျော့ခွေကျသွားသည်။

The Past (A Tate 'အတိတ္')Where stories live. Discover now