part 3( unicode)

489 21 2
                                    

အချိန်တွေကြာလာခဲ့ပေမယ့်လည်း ရိပေါ်တို့နှစ်ယောက်သား အချစ်တွေကပျက်ပြယ်မသွားဘဲ သံယောဇဉ်တွေကပိုတိုးလာကာ ချစ်နေကြသည်။ ရှောင်းကျန့်ကလည်း ရုံးသွားလိုက်ရုံးပြန်လိုက်နဲ့ ပြန်လာရင် ရိပေါ်နဲ့အတူထမင်းလက်စုံစားပြီး တစ်နေ့တာဖြစ်ပျက်သမျှတွေကို မမောနိုင်မပန်းနိုင်ပြောပြသလို ရိပေါ်ကလည်း ရှောင်းကျန့်ပြောသမျှတွေကို စိတ်ရှည်ရှည်နဲ့နားထောင်ရင်း သူ့ပေါင်ပေါ်မှာ ခေါင်းလေးမှီကာအိပ်ပျော်သွားတဲ့အထိ ဆံနွယ်လေးတွေကို ညတိုင်းပွတ်သပ်ပေးနေမိသည်။

Ring...... Ring.......

ဖုန်းသံမြည်လာတာကြောင့် ရိပေါ် သူ့ရဲ့ပေါင်ပေါ်မှာအိပ်နေတဲ့ ရှောင်းကျန့်ကို ပွေ့ချီလိုက်ပြီး အိပ်ယာပေါ်သို့အသာအယာပြောင်းရွေ့ကာ သိပ်လိုက်သည်။ ထို့နောက် ခြေသံဖွဖွဖြင့်သွားကာ ဖုန်းကိုလှမ်းယူလိုက်ပြီး ၀ရံတာအပြင်ဘက်သို့ထွက်လာလိုက်သည်။

"အင်း ယွီပင်း‌"

"ဘော့စ် ရှောင်ရန်ရဲ့အဖွဲ့က ကျွန်တော်တို့ပစ္စည်းပို့မယ့်လမ်းမှာ ဖြတ်ပြီးပစ္စည်းတွေ လုယူသွားပါတယ်"

"ဘာကွ ငါတို့လူတွေဘာဖြစ်သွားသေးလဲ"

"အဖွဲ့သားတစ်ချို့ ထိခိုက်ဒဏ်ရာရထားပါတယ်ဘော့စ်"

"ငါအခုချက်ချင်းလာခဲ့မယ်"

"မောင့် !"

ဖုန်းပြောနေစဉ် နောက်ကနေခါးကိုလာဖက်တဲ့ချစ်ရတဲ့သူကြောင့် ရိပေါ်ဖုန်းကိုအမြန်ဖွက်ထားလိုက်သည်။

"မောင် ဘာလုပ်နေတာလဲ ငါ့ကိုတစ်ယောက်တည်းပစ်ထားတယ်"

"မပစ်ထားပါဘူး အချစ်ရဲ့ မောင်အိပ်မပျော်လို့ လေညှင်းလာခံနေတာ"

ရှောင်းကျန့်က အိပ်ချင်မူးတူးနဲ့မျက်လုံးတွေကို လက်နဲ့အတင်းပွတ်နေတာကြောင့် ရိပေါ်အမြန်တားလိုက်ရသည်။

"မျက်လုံးတွေကို လက်နဲ့မပွတ်ရဘူးလေ မျက်လုံးစပ်လိမ့်မယ် မောင့်အချစ်ရဲ့"

"အင်း.....မင်းကငါ့ကိုပစ်ထားတာကို ဘယ်လိုလုပ်အိပ်ပျော်တော့မှာလဲလို့"

My Bad Person (complete) Where stories live. Discover now