❣7

827 53 3
                                    

Unicode

"အင်း"

လက်ကောခြေကော ကျပ်သိပ်တုတ်ချည်ထားသလို ခံစားရတာမို့ အင်းအဲ အော်ရင်း ဘေးဘီလှုပ်ကြည့်တော့ နဲနဲမှရွှေ့မရပဲ အရမ်းကိုမှကျပ်နေတာမို့ မျက်စိအသာဖွင့်ကြည့်တော့ လူကို ထင်သလိုဖက်ခွပြီး အိပ်မောကြနေတဲ့ကော

ဘေးတစောင်းကြီးကိုအိပ်နေပြီး ပလက်အိပ်နေတဲ့ကို့ကို လက်တေကချုပ်ဖက်ပြီး သူ့ခြေတံရှည်တေနဲ့လည်း လှုပ်မရအောင် ခွထားသေးတာ အသက်ရှုရကြပ်လာတာမို့ ရင်ဘတ်ကြီးကိုပုတ်နှိုးဖို့လုပ်တော့လည်း အတော်ကို ခက်နေ

"ဒေါက် ဒေါက် ဒေါက်... ဟဲ့ ကျန့်ကျန့်ရေ... ဝမ်ဝမ်ရေ သားလေးရေ"

"ဟုတ်ကဲ့ တီညန်ပြော"

ငိုထားမိတာရော အိပ်ထားတာရောနဲ့ အသံက အွိုင်းနေတာမို့ ထူးလိုက်ပေမဲ့ အသံက ထင်သလောက် မထွက် လုပ်ချောင်းနဲ့ အသံကို တချက်အရင်ရှင်းပြီးမှ အဆင်ပြေသွားတာမို့ ပြန်ထူးတော့ တီညန်က အကျိုးကြောင်း ပြောလာပြီး ကောကတော့ အင်းအဲအဲနဲ့ တဖက်လှည့်သွားသည်။

"ဟုတ် တီညန်ပြော"

"သားလေးရေ သားသူငယ်ချင်း စစ်ကျွေး ရောက်လာပြီ"

"အော် ဟုတ် တီညန် သားတို့ဆင်းခဲ့မယ် ခဏစောင့်ဖို့ ပြောပေးထားပါအုံး"

"အေးအေး သား"

ထထိုင်လိုက်ရင်း ကောကိုကြည့်တော့ တဖက်လှည့်ပြီး အိပ်မောတေကိုကြလို့ မနှိုးချင်ပေမဲ့လည်း သွားချင်တာမို့ လက်မောင်းကို အသာလှုပ်လိုက်ရင်း

"ကော ကော"

"အင်း..."

"ကော ထပါအုံး"

"ဘာလဲ ပတစ်ရာ ငြိမ်ငြိမ်အိပ်ကွာ"

"အိပ်လို့ရဘူးလေ ဝမ်ဝမ့်ကို အပြင်လိုက်ပို့မယ်ဆို"

"ပတစ်မှာက ဒဏ်ရာရထားတယ်လေ ဘယ်လိုသွားမလဲ အိပ်ပါကွာ"

မျက်လုံးဖွင့်​မလာပဲ ညီးညီးညူညူပြောနေတဲ့ကောက သွားဖို့ အစီအစဥ်ကိုရှိမနေတဲ့ပုံ

"ဟာ မရဘူး သွားရမှာ ထထ"

လက်နှစ်ဖက်ကို  အတင်းဆွဲထူတော့ ငုတ်တုတ်တော့ထိုင်လာပေမဲ့ မျက်စိက မပွင့်​သေး။ငုတ်တုတ်ကြီးကို အိပ်နေတာမို့ နှာခေါင်းကြီးကို ဆွဲညစ်ခါလိုက်တော့ စိတ်တိုနေတဲ့ပုံနဲ့ မျက်လုံးတေပွင့်လာပြီး ဆံပင်ဖရိုဖရဲထအော်တာမို့ ရိပေါမှာ တုန်တောင်သွားသည်

ကျွန်တော့်ယောက်ျားတော်တော်ဆိုးWhere stories live. Discover now