1

500 49 4
                                    

Zawgyi.....

Sung hanbin....koreaနိုင်ငံမှာမသိတဲ့သူမရှိအောင်နာမည်ကျော်သူ တနည်းပြောရရင် မြေအောက်လောကနဲ့ပတ်သတ်နေတဲ့သူပေါ့ hanbinကိုယ်တိုင်ကသွေးအေးရက်စက်ပြီး အကုန်လုံးကကြောက်ရတဲ့သူ ဒီလိုပုံစံဖြစ်လာရတာလဲ hanbinမေမေအသတ်ခံရပြီးကတည်းကဖြစ်လာတဲ့ကိစ္စတွေ ဒီလောကထဲသွင်းခဲ့တာကတော့ hanbinအဖေဆိုသူပေါ့ hanbinအမေကhanbinကိုနူးညံ့ပြီးစိတ်ထားလှတဲ့သူဖြစ်စေချင်တဲ့အလျောက် hanbinဖေဖေဆိုသူကတော့ ကြံ့ခိုင်တဲ့သူတယောက်ဖြစ်စေချင်သည် ဒါပေမယ့် hanbinအဖေရယ့်လမ်းညွှန်မှုတွေနဲ့ hanbinဟာ သူ့မေမေဖြစ်စေချင်တဲ့ပုံစံမဟုတ်တော့ဘူးပေါ့ ဒါပေမယ့်hanbinဟာ မြေအောက်လောကနဲ့ပတ်သတ်တဲ့ကိစ္စတွေသာမက သူ့အဖေပိုင်တဲ့တချို့သောကုမ္ပဏီကိစ္စတွေကိုပါလုပ်ကိုင်သေးသည်

hanbin:gyuvin ငါတို့ဂိုဏ်းကပစ္စည်းတွေယူသွားနဲ့ကောင်ကိုမိပြီလား

gyuvin:မိပြီhyung ကျွန်တော်သူတို့ကိုသေချာရှင်းလိုက်ဖို့ပါမှာထားပြီးပါပြီ

hanbin:omm....

hanbinက အကြောင်းပြန်ပြီး ကားနောက်ခုံကိုမှီပြီးမျက်လုံးအစုံတို့ကိုမှိတ်ထားလိုက်သည်

gyuvin:နေမကောင်းဘူးလားhyung

hanbin:ကောင်းတယ် ဒီအတိုင်းပဲ

gyuvin:hyung စုံစမ်းခိုင်းထားတဲ့ကိစ္စ

hanbin:အွန်း.....

gyuvin:အိမ်မှာ ကျွန်တော်ထားထားတယ် အိမ်ရောက်မှဖတ်ကြည့်လိုက်ပါ

hanbin:ကြေးဇူးပဲ gyuvin

gyuvin:ဒါနဲ့ဘာလို့ အဲ့ကောင်လေးကို....

hanbin:စိတ်ဝင်စားလို့လေ

gyuvin:ဗျာ.....ဘာ...ဘာပြောလိုက်တာ

hanbin:ငါစိတ်ဝင်စားတယ် zhanghaoဆိုတဲ့ကောင်လေးကို.....
.
.
.
.
ZhangHao...

haoကတရုတ်လူမျိုး haoမေမေနဲ့ koreaကိုပြောင်းလာတာကဖေဖေဆုံးပြီးကတည်းကပေါ့ မေမေကhaoကိုအများကြီးမထောက်ပံ့ပေးနိုင်ပေမယ့်haoဟာကိုယ့်အားကို ကိုးပြီးဆေးကျောင်းကိုရအောင်တက်ခဲ့သည် အခုဆိုရင်ဆရာဝန်တယောက်ဖြစ်လာပြီဆိုလည်းမမှား haoသည်လူနာမှန်သမျှကိုရအောင်ကယ်တင်မယ်ဆိုသည့်စိတ်သာရှိသည် ထိုအချိန်မျိုးတွင် ဘာကိုမျှမကြောက်တတ်ပေ ကိုယ်မှန်သည်ထင်တာကိုသာလုပ်တတ်သည် ဒါပေမယ့်.....

Our FateWhere stories live. Discover now