Part -24

1.3K 85 67
                                    


# Unicode #

"အစ်ကို ထယ်ယောင်း....ဂျီလာတယ်....သေးသေးလေးရေ...ဦးဦးဂျီ..လာပါတယ်...‌ဗျ..."

"ဦးဦး..ဆော့လည်း ပါပါတယ်ဗျ..."

ဂျီမင်နဲ့ ဟိုဆော့တို့က အသံထက် အရင်ရောက်လာကြ၏။သေးသေးလေးဆီ တစ်နေ့တစ်ခေါက်တော့ ပုံမှန်လာ ဖြစ်တဲ့သူတို့နှစ်ယောက်အတွက် ထယ်ယောင်းရုံးခန်းက သူ့တို့အိမ်လိုဖြစ်နေပြီ...

"အွန်း!...ဘူး.~...ဘူး.~..အမ်း~.......ဝွန်း~..ဝွန်း~...."

သေးသေးလေးကလည်း...သူတို့နှစ်ယောက်အသံကြားတာနဲ့ မြူးစောင့်နေပြီ...သူကိုထည့်ထားတဲ့ ကလေး တွန်းလှည်းလေးထဲမှာ ခြေကလေးစောင့်ကာ လက်ဝါးလေးဆုပ်ကာ ဖြန့်ကာနဲ့ သူရှိကြောင်း တဝူးဝူး တဝါးဝါးအော်ပြောနေ၏။

"ဟော!..လာပါအုံး...ဦးဦးဆီကို..."

ဂျီမင်က တွန်းလှည်းထဲက ထုတ်ပြီး ချီလိုက်တော့ သေးသေးလေးက အလိုက်သင့်လေးပါလာသည်။

"ပြွတ်စ်!...ပြွတ်စ်!...ပြွတ်စ်!..."

သေးသေးလေးက ဂျီမင်ဆီရောက်တော့ အငြိမ်မနေ လက်မလေးကို စုပ်ပြီး သူနို့ဆာကြောင်းပြနေ၏။

"ထယ်ယောင်း မင်းကလေးကို နို့မတိုက်ဘူးလား..."

"ကျွန်တော် ခုနလေးတင်က နို့တစ်ဗူး ဖျော်တိုက်ထားပါတယ်...အစ်ကို ဟိုဆော့..."

"ငါပြောတာက...ဂျောင်ဂု ဆီက နို့တိုက်ဖို့ကို..."

"ကျွန်တော်လည်း အရေးကြီး ကိစ္စရှိသေးလို့...ခဏ ဝင်တွေ့ပြီးဘဲ ပြန်လာတာ...အစ်ကိုသိတဲ့ အတိုင်း...ကုကီးလေးက နို့တစ်ခါ တစ်ခါစို့ရင် အကြာကြီးဘဲကို...."

"ကင်မ်ထယ်ယောင်း!!!..ဘယ်လောက်ကြာကြာ တိုက်ရမှာက ခင်ဗျား တာဝန်လေ...ငါ့တူလေး သနားပါတယ်...ဦးဦးဂျီက ပါးပါးဆီ လိုက်ပို့ပြီး နို့တိုက်မယ်နော်...."

အဲ့လိုပါဘဲ ဂျီမင်က ကျန်တဲ့ အချိန်မှာ ထယ်ယောင်းကို ရိုသေရင် ရိုသေမယ် သေးသေးလေးနဲ့ ပတ်သတ်ရင်တော့ ထယ်ယောင်းကို မကြောက်မလန့်အော်ရဲတတ်သေး၏။

ယွန်ဂီနဲ့ ထယ်ယောင်းက တော့ ဂျီမင်အကြောင်းသိတဲ့သူမို့ ပါးစပ်ပိတ်နေလိုက်ရသည်။

Ray Of My Life  ( Complete)Tempat cerita menjadi hidup. Temukan sekarang