Description

2.7K 153 9
                                    

[ အသိစိတ်အိပ်မက်မြို့တော် မှ ကြိုဆိုလိုက်ပါတယ်။ မှတ်ဉာဏ်တွေကို ရယူနေတုန်းမို့ ခေတ္တစောင့်ဆိုင်းပေးပါ ... ] လောလောလတ်လတ် မုဆိုးဖိုဖြစ်ထားတဲ့ ချူဖုန်းက သူ့ချစ်သူ ရှဲ့ရှီးယွီကို ဂိမ်းထဲ ထည့်သွင်းဖို့ အဆင်သင့်ပါပဲ။

သူတို့က အတူတူကြီးပြင်းလာခဲ့ပြီး လက်ထပ်ယူခဲ့ကြတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ရှဲ့ရှီးယွီဟာ လေယာဉ်ပျက်ကျမှုမှာ ကွယ်လွန်သွားခဲ့ရတယ်။ ချူဖုန်းကတော့ ဒီကံတရားကို လက်မခံနိုင်ခဲ့ဘူး။ ဒါကြောင့်မို့ သူက ဒီလို ဖြေသိမ့်မှုမျိုးကို ရှာဖွေဖို့ ရွေးချယ်ခဲ့တယ်။

System က သူ့မှတ်ဉာဏ်ထဲကနေ မရေမတွက်နိုင်တဲ့ ရှဲ့ရှီးယွီရဲ့ ဗားရှင်းမျိုးစုံကို ဆွဲထုတ်ခဲ့ပြီး အဲ့တာတွေနဲ့ ချူဖုန်းရဲ့ အိပ်မက်မြို့တော်ကို ဖန်တီးခဲ့တယ်။

" ချူဖုန်းကောကော ကျွန်တော့်ကို ဖက်ထားပေးပါဦး!" ငါးနှစ်သား ရှီးယွီက သူ့ ရင်ခွင်ထဲကို ပြေးဝင်လာခဲ့တယ်။

" ဒီနေ့အဖို့ ကျွန်တော့်အတွက် မနက်ခင်းအနမ်းလေးရော ပရော်ဖက်ဆာ ချူ" ၁၈နှစ်အရွယ် ကျောင်းသားကောင်ဆိုးလေးက ချူဖုန်းရဲ့ ပုခုံးတွေကို သူ့လက်နဲ့ ဖက်ထားခဲ့တယ်။

" နောက်ကျ ရုံးခန်းထဲမှာ လုပ်ရအောင် " ၂၅ နှစ်အရွယ် ဥက္ကဌ ရှဲ့က ချူဖုန်းရဲ့ ခါးကို သူ့လက်တွေနဲ့ ပွေ့ဖက်ထားခဲ့တယ်။

ချူဖုန်းက တစ်မြို့လုံးပြည့်နှက်နေတဲ့ ရှဲ့ရှီးယွီတွေနဲ့ ကစားရတာကို ပျော်နေခဲ့ပြီး အတူတကွ ပျော်ရွှင်စွာနေထိုင်သွားကြတယ် ?

ညတိုင်း ချူဖုန်းတစ်ယောက် ခါးနာရတာကို မေ့ထားရင်ပေါ့။

ဒါပေမဲ့ ဒီပျော်စရာကောင်းတဲ့ အိပ်မက်မြို့တော်မှာ ကျိန်စာတစ်ခုရှိနေခဲ့တယ်။

အိပ်မက်မြို့တော်မှာ ရှိနေတဲ့ ရှဲ့ရှီးယွီတွေဟာလည်း ကြောက်စရာကောင်းတဲ့ သေခြင်းကံတရားကို ရှောင်လွှဲလို့ မရနိုင်ဘူး။ ဘတ်စ်ကားပေါက်ကွဲတာ၊ ကစားကွင်းမီးလောင်တာ၊ ဒါမှမဟုတ် တံတားကျိုးကျတာ ...

ချိုမြိန်တဲ့ စုံတွဲ ဂိမ်းလေးကနေ ရှင်သန်ဖို့ ရုန်းကန်ရတဲ့ ဂိမ်းတစ်ခုအဖြစ် ရုတ်တရက်ပြောင်းလဲသွားတဲ့အခါ ?

ချူဖုန်းက သူ့ကို ကာကွယ်ပေးဖို့အတွက် အစောင့်အရှောက်တစ်ယောက်ကို တောင်းဆိုခဲ့တယ်။

ရလဒ်အနေနဲ့ System ကနေ S အဆင့်ရှိ အဆင့်အမြင့်ဆုံး စောင့်ရှောက်သူ X ကို ချူဖုန်းအတွက် ကာကွယ်ဖို့ ပေးခဲ့တယ်။

ကြားရတာ တကယ် စိတ်အေးစရာပဲ ဟုတ်တယ် ဟုတ်။

ဒါပေမဲ့ သိပ်မကြာပါဘူး။ ချူဖုန်းက ဒီ S အဆင့်ရှိတဲ့ စောင့်ရှောက်သူက သူ့အပေါ်အလွန်အမင်း စိုးမိုးချင်နေမှန်း ရိပ်မိလာတယ်။ ဗုန်းဖြုတ်တဲ့အခါ သူ့လက်ကို မြဲမြဲဆွဲကိုင်ထားတာမျိုး၊ ပင်လယ်ထဲခုန်ချတဲ့အခါ သူ့ခါးကို ပွေ့ဖက်ထားတာမျိုး၊ မီးထဲကနေ ထွက်လာတဲ့အခါ သူ့ကို မင်းသမီးလေးလို ပွေ့ချီထားတာမျိုး၊ တခါကဆို ကြယ်တွေကြည့်ဖို့ ဟိုတယ်ရဲ့ ၁၀၈ထပ်မြောက်ကို ခေါ်သွားသေးတယ်။

ချူဖုန်း : ငါ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ငါက ပိုင်ရှင်ရှိပြီးသား။ ငါ့မှာ ချစ်သူကောင်လေးရှိတယ်။

စောင့်ရှောက်သူ X : system ကပေးတဲ့ ဖိုင်တွေမှာတော့ အဲ့လို မပြောထားပါဘူး။

ချူဖုန်း : ဘယ်လိုပြောထားလို့လဲ။

စောင့်ရှောက်သူ X : တစ်ခုလပ်၊ စိတ်ဓာတ်ကျ၊ အချစ်ခံရဖို့ မျှော်လင့်နေ

ချူဖုန်း : ဆွံ့အ

29/5/2023

11:49 AM

You've reached the end of published parts.

⏰ Last updated: May 29, 2023 ⏰

Add this story to your Library to get notified about new parts!

တစ်မြို့လုံးကလူတွေက ငါ့ယောက်ျားဖြစ်နေတယ် Where stories live. Discover now