chapter-7

559 75 11
                                    


ည၈နာရီကျော်တဲ့အထိအိမ်ပြန်မလာသေးတဲ့ဂျောင်ဝန်းကို
ဆောနူကစိတ်ပူမိတာအမှန်ပါပဲ။

တစ်ခါမှညနေ၆နာရီမကျော်ခင်ပြန်လာတတ်တဲ့သူက
တစ်ခုခုများဖြစ်နေသလားဆိုတဲ့စိတ်နဲ့ဆောနူမှာ
ထပြီးဂျောင်ဝန်းတို့ရုံးရှိရာကိုလိုက်သွားရမလိုလို
ဆက်ပြီးအိမ်မှာပဲစောင့်နေရမလိုလို ။

အိမ်ရှေ့ထွက်ပြီးဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့
ဆောနူမှာစိတ်တွေမောလှပါပြီ။
တစ်ခုခုဖြစ်ရင်လည်း ရုံးကလူတွေကသူ့ဆီအသိလာပေးသင့်တာပေါ့။

ညပိုင်းမို့ချမ်းစိမ့်စိမ့်ဖြစ်နေပေမယ့် ဆောနူကတော့သတိမထားနိုင်ဘူး။

ဆက်ပြီးစောင့်နေရင်း ခြေထောက်တွေညောင်းလာတဲ့အထိစောင့်နေရင်း
လုံးဝသီးမခံနိုင်တော့တဲ့အခါ ဆောနူကငုတ်တုတ်ထိုင်ချပြီး

ပြန်လာပါတော့ ဂျောင်ဝန်းရယ်..
လို့တဖွဖွရေရွတ်ရင်း ပူပင်လွန်းတဲ့စိတ်အစုံနဲ့
ဂျောင်ဝန်းပြန်အလာကိုစောင့်နေမိတော့တယ်။










အချိန်ဟာဘယ်လောက်ရှိနေပြီလဲဆောနူမကြည့်မိတော့သလို
ထိုင်နေရာကနေလည်းမထမိ။ ဒါပေမယ့်သူကောင်းကောင်းကြီးသိတယ်
သူထိုင်နေတာတော်တော်ကြာနေပြီဆိုတာ။

နာရီနဲ့ချီပြီးတောင်ကြာနေပြီထင်တယ်
သူခြေထောက်တွေတောင်ကျဥ်လွန်းလို့ခံစားမှုမရှိတော့ဘူး။

ဂျောင်ဝန်းကဘာလို့ပြန်မလာရသေးတာလဲ
ဘာလို့သူ့ကိုစိတ်ပူအောင်လုပ်နေရတာလဲ။

သူတစ်ကယ် ငိုမိတော့မယ်။

ယန်ဂျောင်ဝန်းက ကလေးမဟုတ်ဘဲ
ကိုယ့်ကိုယ်ကိုယ်မကာကွယ်နိုင်တဲ့သူလည်းမဟုတ်ပါဘဲ
ဆောနူကစိတ်မချနိုင်ဖြစ်နေရတယ်။

သူ့မှာဂျောင်ဝန်းပဲရှိတာမလို့ ...
တစ်ဦးတည်းသောသူ့ရဲ့ဂျောင်ဝန်းကတစ်ခုခုဖြစ်သွားမှာစိုးရိမ်လွန်းလို့
ဆောနူကမသိရင်အပိုတွေလုပ်နေသလိုပါပဲ။

ဒါပေမယ့် တစ်ကယ်လည်း သူ့မှာဂျောင်ဝန်းပဲရှိတာ..။
နှစ်ယောက်တည်းရှိတဲ့သူတို့ရပ်ဝန်းထဲမှာ
သူတို့ကပဲအချင်းချင်းစိတ်ပူပေးရမယ့်လူတွေပဲ။
သူတို့ကလွှဲပြီး ဘယ်သူမှမရှိဘူး။
ဘယ်သူကမှလည်းရှိနေပေးမှာမဟုတ်ဘူး။

ONLY EXCEPTION Where stories live. Discover now