မိတ်ဆက် + ရှင်းလင်းချက်

3.1K 120 12
                                    

edited April 18/2022
၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English လို ရေးထားတဲ့ review လေးပါ။

အပူအပင်မဲ့ အင်မော်တယ် ၀တ္ထုက အမျိုးမျိုးသော ရှန်းရှ သိုင်းလောကရဲ့ essence အနှစ်သာရတွေကို ပေါင်းစည်းပြီး ဖန်တီး ရေးသားထားတာပါ။ ၀တ္ထုက အရမ်းကောင်းပါတယ်။ (ကိုယ့်ငါးချဉ်တာ မဟုပါပု။ မူရင်း၀တ္ထုရဲ့ review လေးကို ဘာသာပြန်ပြီး ပြန်တင်ပေးထားတာပါ။) ၀တ္ထုကို ပန်းချီကားတစ်ချပ်အဖြစ် မြင်ယောင်ကြည့်မယ်ဆိုရင် အက်ရှင်ခန်းတွေကို နောက်ခံအဖြစ် မြင်ရမှာပါ။

ဒါပေမဲ့ ဒါက အနှစ်သာရ မဟုတ်သေးပါဘူး။ ဒီ၀တ္ထုဟာ ၁၀၀% comedy ပါ။ တစ်ချိန်လုံး ရီနေရပါတယ်။ ၀တ္ထုဟာရိုးရှင်းပေမဲ့ ဇာတ်ကောင်တွေက နှစ်လိုဖွယ်ကောင်းပါတယ်။

ပြီးတော့ ဇာတ်လိုက်ဖြစ်တဲ့ ချင်းကျူဟာ အလွန်အစွမ်းထက်ပါတယ်။ ဘယ်လောက်တောင် အစွမ်းထက်သလဲဆိုတာ ဘယ်သူမှ အတိအကျ မသိပါဘူး။

ချင်းကျူရဲ့ ရည်ရွယ်ချက်ကတော့ ဘ၀မှာ အေးအေးချမ်းချမ်း ပျော်ရွှင်စွာ နေထိုင်ဖို့ပါပဲ။ ဒါပေမဲ့ သူ့ကိုယ်သူလည်း အမြဲတမ်း မထင်မရှားနေထိုင်ဖို့  စိတ်မဝင်စားသလို ပြဿနာတွေ ရှိလာခဲ့ရင်လည်း ဖြေရှင်းလိုက်စမြဲပါ။

တကယ်လို့ ရီနေရတဲ့ comedy အခြေခံ အင်မော်တယ် ၀တ္ထုမျိုးကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီ၀တ္ထုလေးကို ရွေးချယ်ဖတ်ရှုကြည့်လို့ရပါတယ်။

ဆက်လက် ကြိုးစားပါဦးမည်
🥰🥰🙏

#အပူအပင်မဲ့ အင်မော်တယ်
original novel name - invincible uncle Shifu (grandmaster)
original Chinese name - 无敌师叔祖
original writer name - Nine Cuts

🥰🙏🙏
ဖတ်ရှုသူ ပရိတ်သတ် အားလုံးကို အစဉ်ထာ၀ရ ကျေးဇူးတင်လျက်ပါ။
( ဘာသာပြန်သူ စာရေးဆရာကိုလည်း လေးစားလျက်ပါရှင့် )

❄️❄️❄️❄️❄️❄️❄️

Wattpad မှာတင်ထားတာတော့ ခုထိမတွေ့ရသေးပါဘူး။ဒီဘာသာပြန်ကို ကိုယ်မပိုင်ပါဘူး။Free တင်ပေးတာမစောင့်နိုင်ရင် pdf link တွေချပေးထားပါတယ်။ဒီစာစဉ်ကိုတင်တဲ့ fb ရဲ့ link လိုချင်ရင်လည်းလာတောင်းပါ။link ချပေးပါ့မယ်။

.......

သိုင်းစာစဉ်တွေကိုကြိုက်နှစ်သက်သူတစ်ဉီးပါ။ဒီလတွေအတွင်း fb မှာ ဇာတ်လမ်းဖတ်တော့မယ်ဆို မီးကရှယ်ပလန်နဲ့ကိုပျက်နေတာ။wifi ကလည်းမီးလာတဲ့အချိန်ကနည်းတော့ သုံးရတဲ့အချိန်က ခဏပဲရတယ်။ကြာလာတော့ ဖုန်း package ဖိုးတွေ ၊ ဖုန်းbill ဖိုးတွေလည်း တော်တော်လေးကိုဘတ်ဂျတ်ထိခိုက်လာပြီ။အဲ့ဒါကြောင့် ကိုယ်ဖတ်ချင်တဲ့အချိန်ဖတ်လို့ရအောင် ဒီမှာပြန်တင်တာပါ။ဒါမှ offline ထဲထည့်ပြီး အချိန်မရွေးဖတ်လို့ရအောင်ပါ။

ခွင့်ပြုချက်သွားမတောင်းထားပါ။Fb မှသက်ဆိုင်သူတွေရော ကိုယ့်ထက်အရင် wattpad မှာတင်တဲ့သူတွေရှိရင်ရော ကိုယ်ဒီလိုတင်တာမကြိုက်ရင် အချိန်မရွေးလာပြောလို့ရပါတယ်။အဲ့ချိန်ကျရင် တင်ထားသမျှတွေကို အကုန်ပြန်ဖျက်ပေးပါ့မယ်။

ဒါလေးကတော့ ဟိုးအရင်က စာဖတ်သူတစ်ယောက်က လာရောက်တောင်းဆိုသွားတဲ့စာစဥ်လေးပါရှင့်။ဒီကြားထဲ အကြောင်းအမျိုးမျိုးကြောင့် တင်ပေးမယ်ပြောပြီး မေ့သွားမိတဲ့အတွက် အဲ့စာဖတ်သူကို အနူးအညွတ်တောင်းပန်ပါတယ်ရှင့်။သတိရတာနဲ့ တန်းပြေးပြီး တင်ပေးလိုက်ပါတယ်နော်(အရမ်းကြီးတော့ စိတ်မဆိုး စိတ်မကွက်ပါနဲ့ရှင့်။ဒီကြားထဲ တခြားစာစဥ်တွေအသစ်တွေကိုသာ တင်ပြီး ဒါလေးကိုမေ့သွားခဲ့တဲ့အတွက်ပါ😁)

up ကတော့ နှေးနှေးပဲ တစ်နေ့ ၅ပိုင်း ပုံမှန် တင် သွားမှာပါ။ကျိုးဝေ့ချင်းလေးကို အရင်ဖြတ်ချင်လို့ပါရှင့်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now