Book 29 Ch 1 - 7

423 34 0
                                    


#အပူအပင်မဲ့အင်မော်တယ်
Book 29
Chapter 1
မိတ်ဆွေဖြစ်ခြင်း ပြီးဆုံးပြီ

“မင်းတို့တွေက ငါ့ရဲ့ ၀င်္ကပါကို ဖျက်ဆီးလိုက်ကြတာလား”

သူ့စကား အဆုံးမှာတော့ အလွန်အစွမ်းထက်တဲ့ ဝိညာဉ်စွမ်းအင်လှိုင်းဟာ မီတာသောင်းချီကို ဖုံးလွှမ်းသွားခဲ့ပါပြီ။

ပတ်ဝန်းကျင် အပူချိန်ဟာ ချက်ချင်းပဲ ဆောင်းရာသီ ရောက်သွားတဲ့အလား ကျဆင်းသွားပါတော့တယ်။

“အရှင်ဘင်ကျောင်း”

မိုးကြိုးလေပြည်ဂိုဏ်းက အဆင့်မြင့် တန်ခိုးရှင်တွေ မြန်မြန် ဂါရ၀ ပြုလိုက်ကြပါပြီ။

ဒါပေမဲ့ ဘင်ကျောင်းဆိုသူ လူကြီးကတော့ သူတို့ စကားကို ကြားဟန်မရပါဘူး။ ချင်းကျူကို သူစိုက်ကြည့်ပြီး အဖြေကို စောင့်စားနေခဲ့ပါတယ်။

“အေး”
ချင်းကျူ သာမန်ပဲ ပုခုံးတွန့်ပြလိုက်ပြီး ဖုံးကွယ်မထားခဲ့ပါဘူး။

“ကောင်းပြီလေ”
ဘင်ကျောင်းဆိုသူက ဒေါသထွက်ရမယ့်အစား ပြုံးလိုက်ပြီး
“အခုတော့ ငါ့နည်းနည်းလောက် သွေးပူလေ့ကျင့်ခန်း လုပ်လို့ ရပြီပေါ့”

ရွှစ်

စက္ကန့်အနည်းငယ် အကြာမှာတော့ လူရိပ်တချို့ ပေါ်ထွက်လာပါတော့တယ်။ သူတို့ အော်ရာအရှိန်အဝါဟာ ဘင်ကျောင်းနဲ့ ဆင်တူနေပေမယ့် တော်တော်ကို အားနည်းနေတာ တွေ့ရမှာပါ။

ဒါပေမဲ့ သူတို့တွေဟာ မူလတာအို သူတော်စင် အဆင့်ကိုတော့ ရောက်ရှိနေကြပါပြီ။

“အစောင့်အရှောက်ကြီးဘင်.. ဘာများ မှားလို့လဲ”

ပြောလိုက်သူကတော့ တည်ကြည်ခန့်ညားတဲ့ လူငယ်လေး တစ်ဦးပါ။ သူဟာ ကောင်းကင်ပြာအရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်သပ်ရပ်သားနားနေခဲ့ပါတယ်။ ပြီးတော့ ရွှေချည်ထိုးထားတဲ့ နှင်းပွင့်ပုံ နှစ်ခုကို ဝတ်စုံအထက် မြင်နေရတာကြောင့် သူ့ရာထူးအဆင့်အတန်းဟာ ပေါ့သေးသေး မဟုတ်လောက်တော့ပါဘူး။

“သခင်လေး.. တစ်ယောက်ယောက်က ကျွန်တော် ချထားတဲ့ ၀င်္ကပါကို ဖျက်ဆီးခဲ့ပါတယ်”
ဘင်ကျောင်း ပြောလိုက်ပါပြီ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now