1 - 5

2.8K 154 12
                                    

#အပူအပင်မဲ့အင်မော်တယ်
Chapter 1
ရွှမ်းရီ တောင်တန်းဂိုဏ်း

ဗဟိုဝိညာဉ်ကမ္ဘာ၊ တောင်ပိုင်းဒေသ၊ ရွှမ်းရီတောင်တန်း

“အထီးကျန် ငှက်ကလေးဟာ ပျံသန်းရင်း လှပတဲ့ အဖော်မွန်ကို ရှာဖွေလို့”

“အမူးပြေသွားချိန်မှာတော့ သူမ မရှိတော့ဘူး။ အရာရာဟာ အိပ်မက်ပဲလား”

“မုန်းတီးခြင်းတွေ အဆုံးသတ်သွားချိန် ဆေဘာဓားနဲ့ ဓားတို့ ပျောက်ကွယ်သွားခဲ့ပြီ”

“အေးစက်စက် လှေပေါ်မှာ တစ်ကိုယ်တည်း… ရွာသွန်းနေတဲ့ မိုးရေအောက်က မြစ်တစ်စင်း ငါအရက်သောက်လို့”

မိုးကုတ်စက်ဝိုင်း တစ်နေရာမှာတော့ လူငယ်လေး တစ်ဦး သီချင်းဆိုရင်း ညည်းတွားနေရင်း ပေါ်လာခဲ့ပါပြီ။ သူ့လက်ထဲမှာ အရက်တစ်အိုး ကိုင်ထားပြီး သူ့ရဲ့ အော်ရာအရှိန်အဝါဟာ မီးငှက်တစ်ကောင်အလား။ သူဟာ ပန်းချီကားထဲကနေ ဆင်းသက်လာတဲ့ အင်မော်တယ် တစ်ဦးပေပဲလား။

“မင်္ဂလာပါ ဆရာဦးလေး”

“ဆရာဦးလေး”

လူငယ်လေးကို တွေ့လိုက်ရတော့ ပတ်ဝန်းကျင်က လူတွေ ချက်ချင်းပဲ လေးလေးစားစား ဦးညွတ်ဂါရ၀ ပြုလိုက်ပါတော့တယ်။

“အေး အေး”
လူငယ်လေးဟာ ခေါင်းညိတ်တယ်ဆိုရုံ ညိတ်ပြရင်း အားလုံးကို ဖြတ်ကျော်ပြီး ခန်းမဆီ ဆက်လက်လျှောက်လှမ်းသွားခဲ့ပါပြီ။ ဘယ်သူကမှ လူငယ်လေးကို စကားမပြောဝံ့ခဲ့ကြပါဘူး။

“ဆရာဦးလေး ပြန်ရောက်လာပြီပဲ”

“သူ့ရဲ့ အော်ရာအရှိန်အဝါက အင်မော်တယ်တစ်ဦးလို ဖြစ်နေပြီ။ တကယ်ကို အံ့မခန်းပဲ”

“ဆရာဦးလေးနဲ့ နှိုင်းယှဉ်လိုက်ရင် ငါတို့ဟာ ဘာမှကို မဟုတ်သေးပါဘူး”

“…”

ပြောဆိုနေမှုတွေကို ချင်ကျူ ဂရုမစိုက်အားခဲ့ပါဘူး။ အခုအချိန်မှာတော့ မိစ္ဆာသတ် အစည်းအဝေးအကြောင်း သူ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးကို မြန်မြန် အသိပေးပြီး တရေးတမော ပြန်လည်အိပ်စက်ဖို့က အရေးကြီးနေတာကြောင့်ပါ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now