6 - 10

1.1K 101 1
                                    


#အပူအပင်မဲ့အင်မော်တယ်
Chapter 6

အကြီးအကဲ၀ူရင်းနဲ့ အကြီးအကဲ ကျန်းဂျိချန်းတို့ နှစ်ဦး မတော်တဆ ဆိုသလို ပိုင်ရီဖော်စပ်တဲ့ ဆေးဝါးသောက်မိသွားတာကြောင့် ချင်းကျူတစ်ယောက် တပည့်တွေကို ခေါင်းဆောင်ဖို့ ဖြစ်လာခဲ့ပါပြီ။

ပြောရမယ်ဆိုရင် ချင်းကျူ သဘောတူဖို့ မစဉ်းစားထားပါဘူး။ ဒါပေမဲ့ မိန်းကလေး လောင်ဝေဝေကို သတိရသွားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ စကားသိပ်မပြောခဲ့ကြပေမဲ့လည်း ခင်မင်နေပါပြီ။ ဒါ့အပြင်ကို ပိုင်ရီကလည်း အသည်းအသန် အကူအညီတောင်းနေတာကြောင့် နောက်ဆုံးသဘောတူလိုက်တာပါ။

“ချာတိတ်လေး… ငါခဏလောက် အပြင်သွားရဦးမယ်။ မင်းကောင်းကောင်းမွန်မွန် တရားကျင့်ရင်း ကျန်ခဲ့ပါ”
ချင်းကျူလည်း နွယ်ပင်လေးကို ပြောလိုက်ပါပြီ။

နွယ်ပင်လေးဟာ ချင်းကျူရဲ့ စကားတွေကို နားလည်တဲ့အလား ဦးညွတ်လိုက်ပါတော့တယ်။

“ဒီလိုမျိုး အားကိုးမရတဲ့ ဂိုဏ်းတူအစ်ကိုကြီး ရှိနေတာ ခက်တယ်။ ခက်တယ်”
ချင်းကျူလည်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ပိုင်ရီပေးလိုက်တဲ့ စာလိပ်ကို ဖတ်ရှုလိုက်ပါပြီ။

ချင်းကျူဟာ ရွှမ်းရီတောင်တန်းဂိုဏ်းမှာ အသက်အငယ်ဆုံး ဆရာဦးလေး ဖြစ်သလို လက်ထောက်ဂိုဏ်းချုပ် ရာထူးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ဂိုဏ်းတွင်း အစည်းအဝေးတွေကို သူမတက်ရောက်ဖြစ်သလောက်ပါပဲ။ ဒါကြောင့် တာအိုသင်ခန်းစာတွေ ပို့ချပေးဖို့ကော အပြင်မှာ တပည့်တွေကို လေ့ကျင့်ပေးဖို့ဆိုတာ အဝေးကြီးပါ။

ပြောရမယ်ဆိုရင် ပိုင်ရီတစ်ယောက် ဂိုဏ်းချုပ်ဖြစ်လာချိန်ကစလို့ တောင်ကြားဒေသကနေ သူထွက်ခွာခဲခဲ့ပါတယ်။ စာလိပ်ကို ဖတ်ပြီးချိန်မှာတော့ ဒီခရီးနဲ့ ပတ်သက်ပြီး ချင်းကျူ နားလည်သွားခဲ့ပါပြီ။

တာအိုဆိုတာ ရေစီးအတိုင်း ရွက်လွှင့်ခြင်းပါပဲ။ ဒီနေရာမှာ ရှေ့မဆက်နိုင်ဘူးဆိုရင် နောက်ကို ဆုတ်ရမှာပါ။ တရားကျင့်ကြံခြင်း အပြင်ကို အရေးအကြီးဆုံး အချက်ကတော့ တကယ့်တိုက်ပွဲတွေပါ။ တကယ့် အသက်လုတိုက်ပွဲတွေကို ရင်ဆိုင်ဖူးမှသာ အဆင့်မှီတဲ့ တန်ခိုးရှင်တစ်ဦး ဖြစ်လာပါလိမ့်မယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now