11 - 15

1K 95 9
                                    


#အပူအပင်မဲ့အင်မော်တယ်
Chapter 11

“မတွေ့တာကြာပြီပဲ ခန်းမရှင်ကျန်း”
ဝတ်စုံနက်ဝတ် လူကြီးက လက်ကို နောက်ပစ်ရင်း ပြုံးနေခဲ့ပါတယ်။

“မင်းပဲလား”
ကျန်းရီ မျက်နှာပျက်သွားခဲ့ပါပြီ။

“ဟီးဟီး.. ဘယ်လိုနေလဲ”

သေချာ ကြည့်လိုက်မယ်ဆိုရင် ဝတ်စုံနက်ရဲ့ အနက်ရောင်ဝတ်စုံအထက် တောက်ပတဲ့ ကြယ်တာရာ တချို့ကို ထိုးထားတာ တွေ့ရမှာပါ။ ဒါက ကြယ်တာရာဂိတ်ဂိုဏ်းရဲ့ သင်္ကေတပါပဲ။

ဒီဝတ်စုံကိုတော့ ဇင်တျန်အဆင့်အထက် တန်ခိုးရှင်တွေသာ ဝတ်ဆင်ခွင့် ရှိကြပါတယ်။

“သူက ဘယ်သူလဲ”
ချင်းကျူ နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။

ရွှမ်းရီတောင်တန်းဂိုဏ်းဟာ ကြယ်တာရာဂိတ်ဂိုဏ်းနဲ့ မတည့်ပေမဲ့လည်း ချင်းကျူဟာ ဂိုဏ်းနှစ်ခုအကြား တိုက်ပွဲတွေမှာ ဝင်ပါလေ့ မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ဝတ်စုံနက်ဝတ်လူကို မသိခဲ့ပါဘူး။

“ဆရာဦးလေးကို အသိပေးပါရစေ။ သူကတော့ ကြယ်တာရာဂိတ်ဂိုဏ်း အနက်ရောင်တောအုပ် ဌာနခွဲက ခန်းမရှင်ပါ။ နာမည်ကတော့ ဝမ်ချင်းဖန်ပါ”
ကျန်းရီလည်း အံကို တင်းတင်းကြိတ်ပြီး ပြောလိုက်ပါတော့တယ်။ ကြယ်တာရာဂိတ် ခန်းမရှင်ကို သူအလွန်ဒေါသထွက်နေတာ တွေ့ရမှာပါ။

အနက်ရောင် တောအုပ်မှာ တပည့်အသစ်တွေကို စေလွှတ်လေ့ကျင့်စေတာ ရွှမ်းရီတောင်တန်းဂိုဏ်းတစ်ခုတည်းတင် မကခဲ့ပါဘူး။ ကြယ်တာရာဂိတ်ဂိုဏ်းကလည်း အလားတူ စေလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဂိုဏ်းနှစ်ခု မတည့်တာကြောင့် ဌာနခွဲတွေရဲ့ တည်နေရာဟာ အလွန်ဝေးကွာကြပါတယ်။

ဝမ်ချင်းဖန် အနေနဲ့ ဒီကို ရောက်လာခဲ့တာ တော်တော်လေး ထူးခြားနေပါပြီ။ သူ့အနေနဲ့ လာခြင်းမကောင်းနိုင်ပါဘူး။

ကျန်းရီလည်း မျက်လုံးပြူးကျယ်စွာနဲ့ ရေရွတ်လိုက်ပါပြီ။
“ဒါဆို ဒီမိစ္ဆာသားရဲတွေက…”

“အမှန်ပဲ… ခန်းမရှင်ကျန်းအတွက် ငါပြင်ဆင်ပေးခဲ့တဲ့ လက်ဆောင်တွေလေ။ ဘယ်လိုလဲ.. သဘောကျရဲ့လား”
ဝမ်ချင်းဖန်လည်း ဖုံးကွယ်ဖို့ ကြိုးစားမနေပါဘူး။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now