16 - 20

1K 94 11
                                    


Chapter 16

ချင်းကျူလည်း အလင်းတန်းတွေ စီးဆင်းနေတဲ့ လက်ထဲက ငွေရောင်သေနတ်ကို ငုံ့ကြည့်ရင်း စဉ်းစားနေခဲ့မိပါတယ်။

(ဒါက အချိန်ကို ကျော်လွန်သွားတဲ့ ပထမဆုံးလက်နက်ပဲဖြစ်ရမယ်။ ဟုတ်တယ်မလား။)

ဒါကတော့ နည်းပညာနဲ့ ဝိညာဉ်စွမ်းအင်ပေါင်းစည်းထားတဲ့ လက်နက်ပါပဲ။

ချင်းကျူရဲ့ သေနတ်ဟာ AK47 ပါ။ ဒါပေမဲ့ အတိတ်ဘ၀တုန်းက မြင်ဖူးတဲ့ AK47 နဲ့တော့ အများကြီး ကွဲပြားနေပါပြီ။ ဒီသေနတ်မှာ ကျည်ကတ်မပါဝင်ပါဘူး။ ကိုယ်ထည် အခွံသာ ရှိခဲ့ပါတယ်။

ဒါပေမဲ့ မှော်သင်္ကေတတွေနဲ့ စွမ်းအင်မြှင့်ပြီးချိန်မှာတော့ ဒီသေနတ်ဟာ သာမန် သေနတ် မဟုတ်တော့ပဲ ဝိညာဉ်လက်နက် အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

မှော်သင်္ကေတတွေကို ချင်းကျူ ပထမဆုံးအကြိမ် ရေးဆွဲတာ ဖြစ်တာကြောင့် အလွန်ရိုးရှင်းပါတယ်။ သူတို့မှာ သန့်စင်တဲ့ ဝိညာဉ်စွမ်းအင်သာ ပါဝင်ခဲ့တာပါ။ တကယ်လို့သာ အထူးလက်နက် ပြုလုပ်သူဆိုရင် စွမ်းအင်အမျိုးမျိုးသော မှော်သင်္ကေတတွေကို သေနတ်မှာ ရေးဆွဲပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့်လည်း ဝိညာဉ်ဗဟိုကမ္ဘာက လက်နက် သွန်းလောင်းသူတွေဟာ အလွန်ကို နာမည်ကျော်ကြားကြတာပါ။

“အရင်စမ်းကြည့်တာပေါ့”

ချင်းကျူလည်း AK47 သေနတ်နဲ့ တောင်အောက်က ကျောက်တုံးတစ်တုံးကို ချိန်ရွယ်လိုက်ပါပြီ။ ကျောက်တုံးနဲ့ ကီလိုမီတာ ထောင်ကျော်ဝေးကွာပေမဲ့လည်း ဝိညာဉ်စွမ်းအင်နဲ့ မောင်းနှင်ထားတဲ့ သေနတ်ဖြစ်တာကြောင့် အကွာအဝေးကို ထည့်တွက်စရာ မလိုတော့ပါဘူး။

အဓိကကတော့ ဒီသေနတ်ရဲ့ အကန့်အသတ်ကို စမ်းသပ်ချင်ခဲ့တာပါ။ ဒါပေမဲ့ ပြန်တွေးကြည့်တော့ ဒီသေနတ်ဟာ မတော်တဆ အလွန်အစွမ်းထက်ပြီး ရွှမ်းရီတောင်တန်းတစ်ခုလုံးကို ပေါက်ကွဲသွားစေရင် ဘယ်လိုလုပ်ရမလဲ။ ဒါကြောင့် သူ့ရဲ့ ဝိညာဉ်စွမ်းအင် ပမာဏကို လျှော့ချလိုက်ပါတော့တယ်။

သေနတ်မှာရှိတဲ့ ငွေရောင်မျဉ်းကြောင်းတွေဟာ ပြန်လည်တောက်ပလာခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ မှော်သင်္ကေတ ဆယ်ပုံတစ်ပုံလောက်သာ အလုပ်လုပ်ပါတော့တယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now