21 - 25

849 81 17
                                    


#အပူအပင်မဲ့အင်မော်တယ်
Chapter 21

မဟာကလန်ကြီးခုနစ်ခုထဲက တစ်ခုဖြစ်တဲ့ ဝေကလန်သားတွေရဲ့ ဂုဏ်အယူရဆုံး ကိစ္စကတော့ မိစ္ဆာသားရဲတွေနဲ့ စာချုပ်ချုပ်နိုင်တဲ့ ကျင့်စဉ်ပါပဲ။ ဒါကြောင့် ဝေကလန်သားတွေဟာ အပေါ်ယံမြင်နေရတာထက် ပိုပြီး အစွမ်းထက်ကြပါတယ်။

ဝေကလန်ရဲ့ မျိုးဆက်သစ်တွေထဲမှာ ဝေလောင်တောက်ဟာ အသက်လေးဆယ် မတိုင်ခင် ဝမ်ရှင်းသူတော်စင်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ဝမ်ရှင်းသူတော်စင် မိစ္ဆာသားရဲနဲ့ စာချုပ်ချုပ်နိုင်ခဲ့ပါတယ်။

နှိုင်းရမယ်ဆိုရင် ဝေလင်းဟာ ဝေကလန်ရဲ့ တိုက်ရိုက်သွေးမျိုးဆက်ဖြစ်ပေမဲ့လည်း ဇီဖူအစောပိုင်းအဆင့်ကိုသာ ရောက်သေးတာကြောင့် ကိုယ်ပိုင်သားရဲ မရှိသေးပါဘူး။

သူ့ရဲ့ အစ်ကိုကြီးကို ဝေလင်း အလွန်ကြောက်ရွံ့ရပါတယ်။ အခုလို အဝေးနေရာမှာ တာဝန်တစ်ခု လာရောက်ထမ်းဆောင်ရတဲ့ အဓိက အကြောင်းရင်းကတော့ ဝေလောင်တောက်ကို ရှောင်ရှားဖို့အတွက်ပါပဲ။

ဝေလောင်တောက် တစ်ယောက် ဒီကို ရောက်လာလိမ့်မယ်လို့ သူတကယ် ထင်မထားမိခဲ့ပါဘူး။ ဝေလောင်တောက် ရောက်လာတာကြောင့် ကလန်က ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားတာ သေချာသွားခဲ့ပါပြီ။

“ဒီနေရာက ကြယ်တာရာဂိတ်ဂိုဏ်းပဲ မဟုတ်လား။ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ”
ဝေလောင်တောက်လည်း မျက်မှောင်ကြုတ်လိုက်ပါပြီ။ ဒီနေရာက အမှိုက်ပုံလိုဖြစ်နေပြီ မဟုတ်လား။

“အစ်ကိုကြီး”
ဝေလင်းလည်း သတိထားပြီး သစ်သားဝှီးချဲကို အရှေ့တွန်းလာခဲ့ပါတော့တယ်။

“ဟင်.. မင်းက”
ဝေလောင်တောက်လည်း အံ့အားသင့်သွားခဲ့ပါပြီ။ ဒီမံမီက ဘယ်ကနေ ရောက်လာတာလဲ။

“ကျွန်တော်ပါ။ ဝေလင်းပါ”
ဝေလင်းလည်း အူကြောင်ကြောင်နိုင်စွာ ပြောလိုက်ပါတော့တယ်။

“ဝေလင်း.. မင်းကို ဒီလောက်အထိ ဒဏ်ရာရအောင် ဘယ်သူက လုပ်လိုက်တာလဲ”
ဝေလောင်တောက် မျက်နှာပျက်သွားခဲ့ပါပြီ။ သူ့မျက်နှာအထက် လူသတ်ငွေ့တွေ ပြည့်လာပါတော့တယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now