26 - 30

909 72 2
                                    


#အပူအပင်မဲ့အင်မော်တယ်
Chapter 26

“မင်းရဲ့ တိုက်ခိုက်မှုတွေက အသုံးမဝင်ပါဘူး”
ဝေလောင်တောက်လည်း နှာခေါင်းရှုံ့လိုက်ပါပြီ။
“အခု ငါ့အလှည့်ပဲ”

လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ပြီး ချင်းကျူဆီ ညွှန်လိုက်ပါတော့တယ်။ အနက်ရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပါပြီ။ ဒီအနက်ရောင်အလင်းတန်းထဲ ကြောက်မက်ဖွယ် အဖျက်စွမ်းအင် အော်ရာအရှိန်အဝါတွေ ပါဝင်နေခဲ့ပါတယ်။ အလင်းတန်း ဖြတ်သန်းသွားရာ နေရာတိုင်းမှာ လေထဲတုန်ခါလှုပ်ရှားသွားခဲ့ပါပြီ။

တန်ခိုးရှင်တွေ အနေနဲ့ သေချာကြည့်လိုက်မယ်ဆိုရင် ဝေလောင်တောက်ရဲ့ လက်မောင်းမှာ လက်ပတ်တစ်ခု ရှိနေတာကို တွေ့ရပါလိမ့်မယ်။ ဒီလက်ပတ်ကနေ အနက်ရောင် အလင်းတန်း ထွက်ပေါ်လာခဲ့တာပါ။

“ဒါက မူလတာအို အဆင့် နောက်ထပ် မှော်ရတနာ တစ်ခုပဲ။ သေမင်းဝိညာဉ်လက်ပတ်”

ဝေကျန်းလည်း တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပါဘူး။ ပြောရရင် မူလတာအို အဆင့် မှော်ရတနာတိုင်းဟာ အလွန်ကို အဖိုးတန်ကြပြီး ကလန်အတွက် အလွန်အရေးကြီးတဲ့ ရတနာတွေပါ။ ဝေကလန်လို အစွမ်းထက်တဲ့ ကလန်ကြီးမှာ ဒီလို ရတနာမျိုး ၃ ခုသာ ရှိခဲ့ပါတယ်။ အခု ဝေလောင်တောက်ကို ရတနာ ၂ ခု ချီးမြှင့်ထားတယ်ဆိုတော့…

တကယ်လို့ ဝေကျန်း အမှတ်မမှားဘူးဆိုရင် ဒီမူလတာအို အဆင့် ဝိညာဉ်မှော်ရတနာတွေကို ဂိုဏ်းချုပ်ကြီးက အမြဲတမ်း ထိန်းသိမ်းထားခဲ့တာပါ။ အခုတော့ ဝေလောင်တောက်ဆီ ရောက်နေပါပြီ။

ဒါ့အပြင်ကို သူ့မှာ အကာအကွယ် မှော်ရတနာနဲ့ တိုက်ခိုက်ရေး မှော်ရတနာ ရှိနေခဲ့ပါတယ်။ ဒီတစ်စုံဟာ အလွန်လိုက်ဖက်နေပါပြီ။ ဝေလောင်တောက်ရဲ့ ဝမ်ရှင်းသူတော်စင် အလယ်အဆင့် အစွမ်းနဲ့ ပေါင်းလိုက်မယ်ဆိုရင် သူဟာ မူလတာအို အထွတ်အထိပ်အဆင့် တန်ခိုးရှင်ကို တိုက်ခိုက်နိုင်ပြီ ဆိုရပါလိမ့်မယ်။

ဝေကျန်းတို့တွေ အံ့အားသင့်နေကြချိန်မှာပဲ အနက်ရောင်အလင်းတန်းဟာ ချင်းကျူအရှေ့ကို ရောက်ရှိသွားခဲ့ပါပြီ။ အလင်းတန်းထဲ ပါဝင်တဲ့ စွမ်းအင်ဟာ ဝမ်ရှင်းသူတော်စင် အဆင့်ကို ကျော်လွန်သွားပြီး မူလတာအို အဆင့်ကို ရောက်ရှိနေပါပြီ။ တကယ်လို့ ရတနာကို ထိန်းချုပ်တဲ့ တန်ခိုးရှင်သာ မူလတာအို တန်ခိုးရှင် ဖြစ်နေမယ်ဆိုရင် အလွန်ကြောက်မက်ဖွယ် ကောင်းသွားပါလိမ့်မယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now