(8) Unicode

221 17 1
                                    

ဘုရားငါးဆူမှပြန်လာသည့်နောက်နေ့မှစ၍ ထွေးမောင်နှင့်ဇေအံ့ညီတို့ မဆုံဖြစ်ကြတော့ချေ။

ကောင်းခန့်နှင့်​မေအံ့ပန်းချီတို့က စကားစမြည်ပြောရန်လာခေါ်သော်လည်း
ရင်ကြပ်နေလို့ နေမကောင်းလို့ဟူသည့်
အ​ကြောင်းပြချက်ဖြင့်ထွေးမောင်က
မလိုက်ပေ။

ဇေအံ့ညီမှာလည်း ထိုနောက်နေ့မှစ၍
ရန်ကုန်မှအတွင်းရေးမှူးပို့လိုက်သည့်
အရေးအလွန်ကြီးသည့်အလုပ်fileများကို laptopတစ်လုံးဖြင့် လုပ်နေရသည်မှာ
ထမင်းစားချိန်အိပ်ချိန်မှလွဲ၍ ကျန်သည့်
အချိန်တွေမှာ အနားမရှိ မအားလပ်နိုင်လောက်အောင်ပင်ဖြစ်သည်။
သူတို့လုံးဝမတွေ့ဖြစ်သည်မှာ ယနေ့ဆိုလျှင်သုံးရက်ခန့်ရှိနေပြီဖြစ်သည်။

"မောင်ထွေးရေ .. လက်ဆေးရေဆင်းခပ်​ထား
ပေးဦးနော်။ မမကြီး ရေနွေးဆူတာစောင့်ပြီးလက်ဖက်ခြောက်ခပ်ချင်လို့"

"အလတ်ကလေးက ဘာလုပ်နေလဲ။"

မမကြီးအသံနှင့် ရှေ့ဆင့်နောက်ဆင့် ကိုလေးအသံကထွက်ပေါ်လာသည်။

" အလတ်မက နောက်ဖေးမှာ အတို့ခူးနေတယ်ဟဲ့။ လက်ဆေးရေလေးခပ်ခိုင်းတာပါဟယ်။ဝင်းနိုင်ဦးတို့ပိုကဲလာရင်လည်း
နှစ်ယောက်မရှိတော့ဘူးဟေ့"
ရေနွေးအိုးထဲမှ ရေနွေးပူကို ဓာတ်ဘူးထဲသို့
ငှဲ့နေရင်းမှ အသံကျယ်ကျယ်ဖြင့် မမကြီးက မဲ့ကာရွဲ့ကာပြောသည်။

" ပိုတာမဟုတ်ပါဘူးမမကြီးရဲ့။
မောင်ထွေးကအရင်ရက်က​ ရင်ကြပ်နေတာ
ရေတောင်ခုနေ့မှပြန်ချိုးတာကို ရေထပ်ထိရင် အအေးပြန်မိမှာစိုးတာဗျ။"

" ကဲသမှဝင်းနိုင်ဦးရယ်။"

မမကြီးကထိုမျှသာထပ်ဟစ်ပြီး အသံငြိမ်သွားသည်။ မီးဖိုထဲမှာတစ်ယောက်ထဲ ပွစိပွစိရေရွတ်ရင်း ကိုလေးကို ပြောဆိုနေမည်မှာလည်း မလွဲဧကန်ပင်။

မမကြီးနှင့်ကိုလေးက သူနှင့်ပတ်သက်တိုင်းအမြဲထိုသို့ပင်။ တစ်ယောက်ခိုင်းလျှင်တစ်ယောက်ကမကြိုက်၊တစ်ယောက်ဆူလျှင်
တစ်ယောက်ကမကြိုက်နှင့် သူတို့
နှစ်ယောက်မျက်နှာခဏဆုံသည်နှင့်
မမကြီး၏ အသံကျယ်ကျယ်ကိုကြားသိ
ရလေသည်။

ထွေးမောင်ဟာသိပ်ကိုချစ်စရာကောင်းသည်(Ongoing)Where stories live. Discover now