Letter

563 64 13
                                    

Unicode

ကျွန်တော့်အချစ်က စကားအများကြီးမပြောတက်ဘူး...

''ဂျောင်ဂု...မင်းတကယ်သွားတွေ့တော့မယ်ပေါ့...''

''အွန်း...''

အွန်းဆိုတဲ့ အဖြေလေးနောက်မှာ ရှက်ပြုံးလေးတစ်ပွင့်က အလိုလိုဖြစ်တည်လာသည်။
ဟုတ်တယ် ကျွန်တော်အခု coffee dateကလေးတစ်ခုအတွက် ပြင်ဆင်နေတာ။
ဘဝမှာ ပထမဆုံး လုပ်ဖူးတဲ့Date က​လေးကို
တစ်ခါမှမတွေ့ဖူးတဲ့သူနဲ့ Dateမှာဖြစ်တာမို့ ကျွန်တော့်စိတ်တွေ လှုပ်ရှားမှုက စိုးရိမ်စိတ်နဲ့ပေါင်းပြီး အထဋ်အထိပ်ကိုရောက်နေတာ
ပြောမပြတက်အောင်ပဲ။

''သူက လူကောင်းပါ ဂျောင်ဂု
ငါ ဒါကိုတော့ အာမခံနိုင်တယ်..''

မှန်ရှေ့ကသူ့အား ပုခုံးလေးပုပ်ကာ ပြောရင်းအခန်းပြင်ထွက်သွားတဲ့ သူငယ်ချင်းဖြစ်သူ မင်းဂျွန်းကို လက်ခံကြောင်းအပြုံးနဲ့သာနှုတ်ဆက်လိုက်သည်။

အခုသွားDateမယ့်သူက တခြားသူတော့မဟုတ်။
မင်ဂျွန်းရဲ့ တစ်ဖက်ကသူငယ်ချင်းဖြစ်တာမို့
မင်ဂျွန်းကတော့ အခုလိုခဏခဏထောက်ခံပေးလေ့ရှိတယ်။
ကျွန်တော်က မမြင်ဖူးပေမယ့် သူက ကျွန်တော့်ကိုသိနေခဲ့တယ်တဲ့။
မင်ဂျွန်းကတစ်ဆင့် သူ ကျွန်တော့် Ig acc ကိုတောင်းပြီး စကားပြောခွင့်တောင်းခဲ့တာ။

အစက လက်မခံဘူး လုပ်နေပေမယ့် မင်ဂျွန်းကသူ့သူငယ်ချင်းမို့ စကားလေးခဏလောက်ဖြစ်ဖြစ်ပြောပေးပါဆိုတာကြောင့် သူနဲ့စကားစပြောဖို့ ဆုံးဖြတ်ခဲ့တယ်။
အမြဲ တိတ်ဆိတ်နေတက်ပြီး အပေါင်းအသင်းနဲတဲ့ကျွန်တော့်ကို မင်ဂျွန်းက အမြဲလူတောတိုးစေချင်တဲ့ စိတ်ကလေးအမြဲရှိတာကြောင့် ဒီတစ်ခါတော့ မငြင်းချင်တော့တာလည်းပါတာပေါ့။

စပြီး စကားစပြောတဲ့ည
ပထမဆုံး ကျွန်တော့်ရဲ့နှလုံးသားကိုပူနွေးစေတဲ့ညလို့ ပြောရမယ်။
jm ဆိုတဲ့ accလေးကနေ
ကျွန်တော့ဆီ ပထမဆုံး စပို့တဲ့ စာလေးက ''hi'' ဖြစ်ပြီး
ဒုတိယ ပို့တဲ့စာလေးက
''ကျွန်တော် ဂျောင်ဂုကို သဘောကျလို့ပါ''
တဲ့.....

ရုတ်တရက်ကြီးဆိုသလို ဖြစ်တာမို့ အဲ့စာလေးတစ်ကြောင်းကိုပဲ အကြာကြီးစိုက်ကြည့်နေမိတာ
သူလည်း အဲ့စာလေးအပြင် ထက်မပို့တော့ပဲ ကျွန်တော့ဆီက စာကိုစောင့်နေပုံရတယ်။
ပထမဆုံး ရည်းစားစကားအပြောခံရတာဖြစ်တဲ့အပြင် ယောကျာ်းလေးတစ်ယောက်
ဆီကဖြစ်တာကြောင့် ခံစားချက်ကြီးကသိပ်ကိုထူးဆန်းနေခဲ့တယ်။
မစားဘူးတဲ့စားစရာတစ်ခုရဲ့ အရသာကို မြည်းကြည့်လိုက်သလိုလေး။
ပထမဆုံး မို့အတွေးတွေလဲများနေခဲ့တယ်။
နောက်ဆုံး ဘာပြန်ပြောရမှန်းမသိတာမို့ ''ဟုတ် '' တစ်လုံးထဲပြန်လိုက်တယ်။
ပို့ပြီးချက်ချင်းပဲ သူ့ဆီကနေပြန်လာတဲ့ စာလေးကလည်း ''ဟုတ် ''တဲ့

LETTER    Место, где живут истории. Откройте их для себя