31 - 35

952 77 2
                                    


#အပူအပင်မဲ့အင်မော်တယ်
Chapter 31

မီးခိုးရောင် ဝတ်စုံဝတ် အဘိုးအိုရဲ့ လက်သီးချက်ဟာ မိုးမြေကို တုန်လှုပ်သွားစေခဲ့ပါတယ်။ သူ့အော်ရာအရှိန်အဝါဟာ ခမ်းနားကြီးကျယ်ပြီး ခွန်အားဟာ အံမခန်းပါ။ သူဟာ အတားအဆီး ဟူသမျှကို ဖယ်ရှားနိုင်စွမ်း ရှိနေခဲ့ပါတယ်။

ဒီလက်သီးသိုင်းကွက်နဲ့ မူလတာအို သူတော်စင် အဆင့် တန်ခိုးရှင် အဆင့် မိစ္ဆာသားရဲကြီးတစ်ကောင်ကို အဘိုးအို သတ်ပစ်ခဲ့ဖူးပါတယ်။ လက်သီးဟာ ထိုးဖောက်စွမ်းအင် အလွန်းပြင်းထန်လွန်းပါတယ်။

ချင်းကျူမှာ အသက်ကယ် လျှို့ဝှက်ကျင့်စဉ် ရှိနေရင်တောင်မှ ဒီတိုက်ခိုက်မှုကနေ ဘေးမသီ ရန်မခ လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။

၀ုန်း

နောက်ဆုံးတော့ မီးခိုးရောင် ဝတ်စုံဝတ် အဘိုးအိုရဲ့ လက်သီးချက်ဟာ ချင်းကျူရဲ့ ရင်ဘတ်ကို ထိမှန်သွားခဲ့ပါပြီ။

မုန်တိုင်း တစ်ချက် မထန်ခဲ့ပါဘူး။ ဝိညာဉ်စွမ်းအင်လှိုင်းတွေ ဖြစ်ပေါ်လာခြင်း မရှိခဲ့ပါဘူး။

တခဏလောက် တိတ်ဆိတ်သွားပြီးချိန် မီးခိုးရောင် ဝတ်စုံဝတ် အဘိုးအို ခေါင်းမော့လိုက်ပြီး စကားတစ်ခွန်းကို ခက်ခက်ခဲခဲ ပြောလိုက်ပါပြီ။
“ဒါက မဖြစ်နိုင်ဘူး”

သူ့စကား မဆုံးခင်မှာပဲ သူ့လက်သီးမှာ အက်ကွဲကြောင်း ဖြစ်ပေါ်လာပါတော့တယ်။ ဒီအက်ကွဲကြောင်းဟာ ဆက်ကာဆက်ကာ ဖြစ်လာခဲ့ပြီး နောက်ဆုံးတော့ လက်မောင်းတစ်ခုလုံးကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါပြီ။

အခုတော့ အစကနေ စပြီး မှားယွင်းသွားပြီ ဖြစ်ကြောင်း အဘိုးအို နားလည်သဘောပေါက်သွားပါတော့တယ်။ ချင်းကျူဟာ မူလတာအို အဆင့် တန်ခိုးရှင် တစ်ဦး မဟုတ်ခဲ့ပါဘူး။ သူဟာ မူလတာအို အဆင့်ထက် ကျော်လွန်တဲ့ မြေကမ္ဘာ သူတော်စင် ဒါမှမဟုတ် ကောင်းကင်သူတော်စင် အဆင့်ကို ရောက်ရှိနေပါပြီ။

ဒီအချိန်မှာတော့ လေပြင်းတစ်ချက် တိုက်ခတ်လာပါတော့တယ်။ မီးခိုးရောင် ဝတ်စုံဝတ် အဘိုးအိုဟာ ဖုန်မှုန့်အဖြစ် လေနဲ့အတူ လွင့်ပြီး ပျောက်ကွယ်သွားခဲ့ပါပြီ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now