36 - 40

859 73 9
                                    


#အပူအပင်မဲ့အင်မော်တယ်
Chapter 36

သာမန် အခြေအနေမှာတော့ မှော်ရတနာ သွန်းလောင်းသူဖြစ်ချင်တယ် ဆိုရင် တန်ခိုးရှင် တစ်ဦးအနေနဲ့ ဇီဖူအဆင့်ကို ရောက်ရမယ့် အပြင်ကို ပညာရှင် ဆရာသမား ဆီမှာ နှစ်ပေါင်းများစွာ လေ့လာ သင်ယူဖို့ လိုအပ်ပါတယ်။ ပြီးသွားရင်တော့ မှော်သင်္ကေတ ရေးဆွဲခြင်းတွေကို လေ့လာပြီး နက်နဲမှုတွေကို ဖမ်းဆုပ်ဖို့ ကြိုးစားရမှာပါ။

ပါရမီရှင်တွေ အနေနဲ့တောင်မှ လအနည်း သင်ယူမှသာ မှော်ရတနာ သွန်းလောင်းခြင်းကို တတ်မြောက်နိုင်ပါလိမ့်မယ်။

ဒါကြောင့် တစ်ဦးအနေနဲ့ ဘယ်လိုပဲ ဖြစ်နေပါစေ လက်နက်သွန်းလောင်းသူတွေရဲ့ အဆင့်အတန်းဟာ အလွန် မြင့်မားခဲ့ပါတယ်။ အဆင့်မြင့် လက်နက် သွန်းလောင်းသူ တစ်ဦးဟာ အကြိမ်များစွာ ကြိုးစားပြီးမှ တိုးတက်မှု ရရှိခဲ့ကြတာပါ။

ဒါပေမဲ့ AK47 လက်နက်ကို သွန်းလောင်းရာမှာ ချင်းကျူတစ်ယောက် လက်နက် သွန်းလောင်းခြင်းကို လုံး၀ မထိတွေ့ဖူးခဲ့ပါဘူး။ သူ့မှာ အတွေ့အကြုံ ဘာမှ မရှိပါဘူး။ ဒါကြောင့် အဆင့် တစ်ဆင့်ချင်း သွန်းလောင်းခြင်းကို ကျော်လွှားပြီး အတွေးနဲ့ ပုံဖော် တည်ဆောက်ခဲ့တာပါ။

မှော်သင်္ကေတ တာအို စာအုပ်ဟာ သာမန် အသုံးများတဲ့ စာအုပ် တစ်အုပ်ဖြစ်နေပေမဲ့လည်း ဓာတ်ကြီးငါးပါး ၀င်္ကပါမှာ စွမ်းရည်ငါးရပ် ပါဝင်နေပါသေးတယ်။ AK47 ကို  ချင်းကျူသွန်းလောင်းရာမှာ အသုံးပြုခဲ့တဲ့ အဆင့်နိမ့် မှော်သင်္ကေတနဲ့ ယှဉ်လိုက်ရင် အများကြီး ရှုပ်ထွေးနေပါပြီ။

ဒါပေမဲ့ ချင်းကျူမှာ အားသာချက် ရှိပါတယ်။သူ့ရဲ့ ဝိညာဉ် စွမ်းအင်ဟာ အကန့်အသတ် မရှိပါဘူး။ ကျဆုံးမှာကို သူကြောက်စရာ မလိုအပ်ပါဘူး။ သူကျဆုံးသွားရင်တောင်မှ နတ်ဘုရား ပညာရပ်ကို အသုံးပြုပြီး အစကနေ ပြန်စတင်နိုင်ပါသေးတယ်။

ချင်းကျူလည်း စဉ်းစားရင်း ဓာတ်ကြီးငါးပါး ၀င်္ကပါ မှော်သင်္ကေကို စတင်ရေးဆွဲလိုက်ပါပြီ။

ထင်ထားသလိုပဲ ပထမဆုံးအကြိမ် မအောင်မြင်ခဲ့ပါဘူး။

ဒါပေမဲ့ သူအလွန် အစွမ်းထက်နေတာကြောင့် ထင်ပါတယ်။ ကျဆုံးသွားပေမဲ့လည်း စက်သေနတ် ကိုယ်ထည်မှာ မှော်သင်္ကေတ အလွှာတွေ ကျန်ရစ်ခဲ့ပြီး ငွေရောင်လက်နေတဲ့ အလွှာမျိုးကို မြင်တွေ့ရမှာပါ။ ဒီမှာပဲ အရင်ဘ၀တုန်းက သူကစားဖူခဲ့တဲ့ ဂိမ်းအကြောင်း သတိရသွားခဲ့ပါပြီ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now