41 - 45

785 74 1
                                    


#အပူအပင်မဲ့အင်မော်တယ်
Chapter 41
တောင်ဂိတ်တံခါး ပြိုင်ပွဲ

သမိုင်းမှတ်တမ်းတွေ အရ ခရမ်းရောင် ဝိညာဉ်မျိုးနွယ်မှာ အဓိက ကျေးရွာကြီး သုံးရွာရှိခဲ့ပါတယ်။ ရွာတိုင်းရဲ့ ခေါင်းဆောင်တွေဟာ မြေကမ္ဘာ သူတော်စင်အဆင့် တန်ခိုးရှင်ကြီးတွေပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ လောက်တုန်းက ခရမ်းရောင်ဝိညာဉ်တွေဟာ မဟာဂိုဏ်းကြီး လေးဂိုဏ်းရဲ့ ပူးပေါင်းထိုးစစ်ကို ရင်ဆိုင်ခဲ့ရပြီး အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ပါတယ်။ သူတို့ ခေါင်းဆောင်နှစ်ဦး ကျဆုံးသွားခဲ့ပါတယ်။ ထွက်ပြေးလွတ်မြောက်သူတွေသာ အသက်ရှင် ကျန်ရစ်ခဲ့တာပါ။

နောက်ပိုင်းမှာတော့ ခရမ်းရောင်ဝိညာဉ်မျိုးနွယ်ကို တောင်ပိုင်းနယ်မြေကြီးကနေ နှင်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့တွေဟာ တောင်ပိုင်းနယ်မြေနဲ့ အနောက်ပိုင်း နယ်မြေတို့ အကြားနယ်စပ်ဒေသမှာ ပုန်းအောင်းနေခဲ့ကြရပါတယ်။ အဲဒီက ပတ်ဝန်းကျင်ဟာ ပြင်းထန်ပြီး သယံဇာတ ရှားပါးပါတယ်။ ပြောရရင် ဝိညာဉ်ကီစွမ်းအင် မရှိသလောက်ပါပဲ။ ဘယ်လိုမျိုးနွယ်ပဲ ဖြစ်ပါစေ အဲဒီမှာ နေထိုင်ရမယ်ဆိုရင် မကြာခင်မှာ ပျိုးသုန်းပျောက်ကွယ်သွားမှာပါ။

မျက်စိတမှိတ် အချိန်အတွင်း နှစ်ပေါင်း ၃၀၀ ကျော် ကုန်ဆုံးသွားခဲ့ပါပြီ။ ခရမ်းရောင်ဝိညာဉ်မျိုးနွယ်ဟာ မပျောက်ဆုံးသေးပေမဲ့လည်း ပိုပြီး အားနည်းလာမှာကတော့ သေချာပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး သူတို့တွေ တောင်ပိုင်းနယ်မြေကို ကျူးကျော်နိုင်ခဲ့တာလဲ။

ဒီအတွက်ကြောင့်လည်း ဆောင်းပါးအောက်မှာ ကွန်မန့်ရေးထားသူတွေက လူတွေ စိတ်ဝင်စားအောင် တမင်ရေးထားတယ်လို့ ပြောနေကြတာပါ။ လူအများစုကတော့ ခရမ်းရောင်ဝိညာဉ်မျိုးနွယ်စုကို ကြောက်စရာ မလိုအပ်တော့ဘူးလို့ ထင်နေကြပါတယ်။ နှစ်ပေါင်း ၃၀၀ ကျော်တောင် ကြာမြင့်သွားပြီ မဟုတ်လား။

ချင်းကျူလည်း စာကို ဆက်ဖတ်ဖြစ်ခဲ့ပါတယ်။ ခရမ်းရောင်ဝိညာဉ်မျိုးနွယ်ရဲ့ ဓာတ်ပုံအများအပြားကို သူတွေ့လိုက်ရပါပြီ။ သူ့မျက်နှာ ရုတ်တရက် ပျက်သွားပါတော့တယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now