46 - 50

643 75 3
                                    

#အပူအပင်မဲ့အင်မော်တယ်
Chapter 46
အဓိက ဇာတ်ကောင် ရထားသော buff (အစွမ်း)

ဒါကြောင့်လည်း လောင်ဝေဝေဟာ ထူးဆန်းစွာ အောင်ပွဲ ရရှိခဲ့ပြီး နောက်တစ်ဆင့်ကို တက်လှမ်းခွင့် ရသွားခဲ့ပါတော့တယ်။

ဒီလိုနဲ့ ပြိုင်ပွဲကို ဆက်ကျင်းပခဲ့ပြီး နေ့လည်ခင်းမှာ ပြီးဆုံးသွားခဲ့ပါပြီ။ ရီလင်းချန်ဟာ ရန်သူကို လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူနေဆဲပါ။ သူ့ကို ကြည့်ရတာ လွယ်ကူလွန်းတာကြောင့် အံ့ဩမှင်သက်သံတွေ ရင်ပြင်ကနေ ထွက်ပေါ်လာခဲ့ပါတယ်။

“ရီလင်းချန်က တစ်ချိန်လုံး ဒီလို ပညာလျှိုထားလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး”

“ကြည့်ရတာ သူက ဇင်တျန်အဆင့်ကို တကယ်ရောက်နေပြီပဲ”

“ကျွတ်စ.. ကျွတ်စ… သုံးနှစ်အတွင်း ဇင်တျန်အဆင့်ကို ရောက်ခဲ့တယ်ဆိုတော့ သူက တကယ့် ပါရမီရှင်လို့ ဆိုနိုင်နေပြီ”

“အဲဒီလိုဆိုရင် လောင်ဝေဝေဆိုတဲ့ တပည့်မလေးက ပိုပြီးကြောက်စရာ ကောင်းမနေဘူးလား”

“…”
မကြာခင်မှာတော့ ကျန်တဲ့ ဆယ်ဦးအတွက် ပြိုင်ဘက်ကို မဲခွဲဖို့ အချိန်ရောက်လာခဲ့ပါပြီ။

လောင်ဝေဝေတစ်ယောက် ကံကောင်းစွာနဲ့ ဆယ်ဦးထဲက အားအနည်းဆုံး ပြိုင်ဘက်ကို ရရှိခဲ့ပါတယ်။ သူမ မဲနှိုက်ရွေးချယ်လိုက်တဲ့ တပည့်ကတော့ မျက်စိမျက်နှာပျက်နေပါပြီ။ လွန်ခဲ့တဲ့ ရက်တွေက သူမကို အထင်ကြီးမှု နက်ရှိုင်းလာခဲ့ပါတယ်။ သူမဟာ အမျိုးသမီး စစ်နတ်ဘုရားတစ်ပါးလို ဖြစ်နေပါပြီ။ အချိန်တိုင်း ရန်သူကို ခြေမှုန်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင်ကို သူတို့ အရှုံးမပေးသရွေ့ လောင်ဝေဝေဟာ တိုက်ခိုက်မှုကို မရပ်တန့်ခဲ့ပါဘူး။ သူမ အစွမ်းအစကို မယုံကြည်ခဲ့တဲ့ ရှုလန် နောက်ပိုင်း တပည့်နှစ်ဦးလည်း သတိလစ်မေ့မျောသလောက် ဖြစ်သွားခဲ့တယ် မဟုတ်လား။

သူမကို အခုလက်ရှိ ရင်ဆိုင်ရတဲ့ တပည့်ကလည်း ခုခံကာကွယ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ သူမ ပြေးလာတာကို တွေ့လိုက်ရချိန်မှာတော့ သူ့ခြေထောက်တွေ ပျော့ခွေသွားခဲ့ပါပြီ။ သူချက်ချင်း အော်ပြောလိုက်ပါတော့တယ်။
“ကျွန်တော် အရှုံးပေးပါပြီ။ အရှုံးပေးပါပြီ”

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now