51 - 55

690 66 6
                                    

#အပူအပင်မဲ့အင်မော်တယ်
Chapter 51
တကယ့် အဓိက ဇာတ်ကောင်

ရီလင်းချန်ရဲ့ အဖြစ်အပျက်ကြောင့် ဂိုဏ်းရဲ့ ပြိုင်ပွဲလည်း စောစော အဆုံးသတ်လိုက်ရပါပြီ။

ရီလင်းချန် သေဆုံးသွားပြီး လင်းရှု ဒဏ်ရာအပြင်းအထန် ရသွားခဲ့တာကြောင့် လောင်ဝေဝေတစ်ယောက် တောင်ဂိတ်ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်လာခဲ့ပါတော့တယ်။

ဒီအချိန်မှာတော့ ချင်းကျူ ဉာဏ်ပွင့်သွားခဲ့ပါပြီ။ ဒီကောင်မလေး ရှိနေသရွေ့ သူ့အနားမှာ ရီလင်းချန်တောင် အဓိက ဇာတ်ကောင်မဖြစ်နိုင်ခဲ့ဘူးပဲ။

သူမက သန့်စင်သောယန် ကျင့်စဉ်ကို လေ့ကျင့်ထားတဲ့အပြင်ကို ပြိုင်ဘက်ကင်းတဲ့ ဆရာဦးလေး တစ်ဦးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒါ့အပြင်ကို ဂိုဏ်းရဲ့ ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်လာပါသေးတယ်။ သူမဟာ အတားအဆီး ဘာမှမရှိပဲ ရှေ့ကို လျှောက်လှမ်းနိုင်ခဲ့တဲ့ လောင်အော်တျန်းရဲ့ အမျိုးသမီးအသွင်လို့တောင် ဆိုနိုင်နေပါပြီ။

ဒါဆို သူမကမှ တကယ့် အဓိက ဇာတ်ကောင်ပဲပေါ့။ မဟုတ်လား။

“ဂိုဏ်းရဲ့ ဒီနှစ်ပြိုင်ပွဲ ချန်ပီယံဟာ တပည့်အသစ်တစ်ဦး ဖြစ်လိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး”

“သူမက အရမ်းချောတော့ ကောင်းပါတယ်။ မဟုတ်ဘူးဆိုရင် ဒီအဖြေကြောင့် မကျေနပ်တဲ့လူတွေ ထွက်လာကြဦးမယ်”

“ရီလင်းချန်နဲ့ ပတ်သက်ပြီး တစ်ခုခု မူမမှန်ဘူးလို့ အစောကြီးကတည်းက ငါခံစားမိနေတယ်။ အခုတော့ သူက ငါတို့ဂိုဏ်းထဲ ပုန်းနေတဲ့ သူလျှိုဖြစ်နေမှန်း သိလိုက်ရပြီ”

“ပြောရရင်.. ဆရာဦးလေးက ဘယ်အဆင့်ကို ရောက်နေပြီလဲ။ သူက ဝမ်ရှင်းသူတော်စင်အဆင့် တန်ခိုးရှင်ကို တစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တယ်နော်”

“ဆရာဦးလေးက မူလတာအို သူတော်စင် အဆင့်ကိုများ ရောက်နေပြီလား”

“…”

ရင်ပြင်ထက် ဘာတွေ ဆက်ဖြစ်လဲတော့ ချင်းကျူလည်း မသိတော့ပါဘူး။ ဒီအချိန်မှာတော့ တောင်ထိပ်ကို ပြန်ရောက်နေပြီး ကျောက်တုံးပြာလေးအထက် လဲလျောင်းရင်း အရက်ကို အေးအေးလူလူ သောက်နေခဲ့ပါတယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now