61 - 65

638 65 3
                                    

#အပူအပင်မဲ့အင်မော်တယ်
Chapter 61
ဗောဓိသတ္တရဲ့ စက်သေနတ်

မဟာစကြ၀ဠာ နဂါးကြီးရဲ့ အလောင်းနဲ့ အမြုတေ စိတ်ဝိညာဉ်ကိုပါ တစ်ခါတည်း ဖျက်ဆီးဖို့အတွက် ချင်းကျူ လက်သီးနဲ့ ထပ်ထိုးဖို့ စဉ်းစားပြီးချိန်မှာပဲ အသုံးမပြုရသေးတဲ့ လက်နက်တစ်ခု ရှိနေသေးကြောင်း ချင်းကျူ သတိရသွားခဲ့ပါပြီ။ အဲဒီလက်နက်ကို အခုအချိန် အသုံးပြုလိုက်မယ်ဆိုရင် အရမ်းကို အထင်ကြီးဖို့ ကောင်းသွားမယ် မဟုတ်လား။

ဒါကို စဉ်းစားလိုက်ပြီး ချင်းကျူလည်း ချက်ချင်း ရွှေရောင် စက်သေနတ်ကို ထုတ်ယူပြီး မဟာစကြ၀ဠာနဂါးကြီးရဲ့ အမြုတေ စိတ်ဝိညာဉ်ကို ချိန်ထားလိုက်ပါပြီ။

“အဲဒါက ဘာကြီးလဲ”
မဟာစကြ၀ဠာ နဂါးကြီးရဲ့ အမြုတေ စိတ်ဝိညာဉ် တုန်လှုပ်သွားပါတော့တယ်။ ဒီလို ပုံစံ ရှိနေတဲ့ လက်နက်မျိုး သူတစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။

ဟိုးဝေးကွာလှတဲ့ နေရာမှာ ရှိနေတဲ့ လူသားတန်ခိုးရှင်တွေလည်း စိတ်ဝင်စားနေခဲ့ကြပါတယ်။ မကြာခင်မှာတော့ လက်နက်သွန်းလောင်းတဲ့ တန်ခိုးရှင်တစ်ဦးက အော်ပြောလိုက်ပါပြီ။
“ဘုရားရေ။ အဲဒါက ရွှေရောင်မှော်သင်္ကေတတွေနဲ့ လွှမ်းခြုံထားတဲ့ ဝိညာဉ်မှော်ရတနာ တစ်ခုပဲ”

ဒီတန်ခိုးရှင်ဟာ စက်သေနတ်ကို မသိပေမဲ့လည်း စက်သေနတ်အထက်က ရွှေရောင်မျဉ်းတွေကိုတော့ သိပါတယ်။ ရွှေရောင်မှော်သင်္ကေတဆိုတာ မူလတာအို သူတော်စင်အဆင့် ဝိညာဉ်မှော်ရတနာကို သွန်းလောင်းရာမှာ အသုံးပြုရတဲ့ မှော်သင်္ကေတတွေပါ။

ဒါပေမဲ့ မူလတာအို ဝိညာဉ်မှော်ရတနာကို သွန်းလောင်းဖို့ ရွှေရောင်မှော်သင်္ကေတ တစ်ခုသာ လိုအပ်ပါတယ်။ ဒါဆို ဒီဝိညာဉ်မှော်ရတနာတစ်ခုလုံးကို ရွှေရောင်မှော်သင်္ကေတတွေ အများကြီး ဖုံးလွှမ်းထားတယ်ဆိုတော့ ဒီလက်နက်က ဘယ်အဆင့်ကို ရောက်သွားပြီလဲ။

ဒါက ဒဏ္ဍာရီလာ မှော်ရတနာ တစ်ခုပဲလား။

“အော်မီသော်ဖော်”
ချင်းကျူလည်း ရင်ဘတ်အရှေ့မှာ လက်အုပ်တစ်ဖက် ချီလိုက်ပြီး ရွှေရောင်စက်သေနတ်ကို အသက်သွင်းလိုက်ပါပြီ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now