66 - 70

715 65 0
                                    

#အပူအပင်မဲ့အင်မော်တယ်
Chapter 66

အခုရောက်လာသူကတော့ ရှမ်းဟွမ်စွတ်ဂိုဏ်းက နံပါတ်တစ် ဂိုဏ်းတူအစ်ကိုကြီး ရှန်းကျီးဝမ်ပါပဲ။

“ဆရာ.. ဆရာကြီး.. ချင်းကျူ”

ရှန်းကျီးဝမ်လည်း အစ်ကိုကြီးလို့ မှားခေါ်လုဆဲဆဲ ဖြစ်သွားခဲ့ပါတယ်။ ချင်းကျူဟာ မြေကမ္ဘာ သူတော်စင်တွေကို သတ်ဖြတ်ခဲ့တဲ့ပုဂ္ဂိုလ်ကြီး ဖြစ်နေတာကြောင့် အသင့်တော်ဆုံးဖြစ်တဲ့ ဆရာကြီးလို့သာ သုံးနှုန်းဖို့ နောက်ဆုံးမှာ ဆုံးဖြတ်လိုက်ပါပြီ။

ပြောရမယ်ဆိုရင် ရှန်းကျီးဝမ်ရဲ့ ကျင့်စဉ်အဆင့်နဲ့ ဒီနေရာကို တစ်ခါတည်း ပျံသန်းလာလို့ရပါတယ်။ ဒါပေမဲ့ ဆရာကြီး ချင်းကျူ ဒေါသထွက်သွားမှာ စိုးရိမ်တာကြောင့် အရှေ့တံခါးကနေသာ တဆင့် ဝင်လာခဲ့တာပါ။

ဒါကို ကြားလိုက်ရတော့ ချင်းကျူလည်း တစ်ခုခု မှားယွင်းနေကြောင်း သိလိုက်ပါပြီ။ ဒီတစ်ယောက်က သူ့ကို ဆရာကြီးလို့ ခေါ်လိုက်တယ်လား။ ဒါဆို တစ်ခုခုကို သူသိသွားတာလား။

ချက်ချင်းဆိုသလိုပဲ စစ်မြေပြင်မှာ တစ်ဖက်လှည့်ပြန်ဖို့ အော်ပြောလိုက်သံ ကြားလိုက်တာကို ချင်းကျူ မှတ်မိသွားခဲ့ပါပြီ။

“အဟမ်း”
ချင်းကျူလည်း ချောင်းကို နှစ်ကြိမ်ဟန့်လိုက်ပါတော့တယ်။

ဒါကို မြင်လိုက်ရတော့ ကျန်းဂျိချန်လည်း ချက်ချင်း ရိုရိုသေသေ နောက်ဆုတ်သွားခဲ့ပါပြီ။

ချင်းကျူလည်း အတားအဆီး တစ်ခုကို ချလိုက်ပါတော့တယ်။ မိန်းကလေး တရားကျင့်တာ အနှောင့်အယှက် မဖြစ်စေဖို့ပါ။ ပြီးတာနဲ့ အပြုံးဖျော့ဖျော့ ပြုံးလိုက်ပြီး
“ကျူးကျော်သူတွေကို သတ်ဖို့ မင်းခရီးနှင်နေတာ မဟုတ်ဘူးလား”

“…”

“အဲ.. အာ.. ဆရာကြီး ခင်ဗျာ.. နောက်နေပြန်ပြီ။ ကျွန်တော့် အစွမ်းနဲ့ဆိုရင် ရပ်ကြည့်နေရုံပဲ တတ်နိုင်မှာပါ”
ရှန်းကျီးဝမ်လည်း အူကြောင်ကြောင်နိုင်စွာ ပြန်ဖြေလိုက်ပါတော့တယ်။

“ဒါနဲ့ ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ”
ချင်းကျူလည်း အရက်တစ်ကြိုက်ကို မော့သောက်လိုက်ပါပြီ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now