71 - 75

668 68 1
                                    


#အပူအပင်မဲ့အင်မော်တယ်
Chapter 71

မြို့ငယ်လေးဟာ တောင်နက်ကြီး အနီးမှာ တည်ရှိနေတာကြောင့် တောင်နက်မြို့လို့ နာမည်တွင်ခဲ့ပါတယ်။ မြို့ထဲမှာ နေထိုင်ကြသူ အများစုက သာမန်လူသားတွေပါပဲ။ ၀ူဂျိလျှို့ဝှက်လောက ပေါ်ထွက်လာမှာ ဖြစ်တာကြောင့် တန်ခိုးရှင် အများအပြား ဒီကို ရောက်လာခဲ့တဲ့အတွက် သာမန် လူတွေဟာ အိမ်ထဲက အိမ်ပြင်ကိုတောင် မထွက်ဝံ့ကြတော့ပါဘူး။ တချို့သော တည်းခိုခန်းတွေ စားသောက်ဆိုင်တွေကတော့ ကြိုးစားပြီး ဆိုင်ဖွင့်ခဲ့ကြပါတယ်။ အဲဒီနေရာတွေမှာလည်း နေရာအနှံ့က တန်ခိုးရှင်တွေ ပြည့်နှက်နေကြပါပြီ။

ချင်းကျူတို့တွေ လမ်းမကြီးကို ဖြတ်သန်းပြီး စားသောက်ဆိုင် တစ်ဆိုင်ထဲ ဝင်လာခဲ့ပါတော့တယ်။

“ဆရာကြီးတို့ ဘာများ သုံးဆောင်ချင်ပါသလဲ”

စားပွဲထိုးလည်း ချက်ချင်း ရောက်လာပြီး မေးမြန်းလိုက်ပါပြီ။ လွန်ခဲ့တဲ့ နှစ်ရက်ကျော်တုန်းက တန်ခိုးရှင် ရာနဲ့ချီပြီး ဧည့်ဝတ်ပြုဆက်ဆံဖူးခဲ့တာကြောင့် မကြောက်ရွံ့တော့ပါဘူး။

ဒါပေမဲ့ ချင်းကျူကို မြင်ရချိန်မှာ သူမှင်သက်သွားခဲ့ရပါတယ်။

အရမ်းကို ကြည့်ကောင်းတာပဲ

သူအရင်တုန်းက ဆုံဖူးတဲ့ တန်ခိုးရှင်တွေရဲ့ အသွင်အပြင်တွေနဲ့ ယှဉ်လိုက်မယ် ဆိုရင် ချင်းကျူဟာ အင်မော်တယ် တစ်ဦးရဲ့ အသွင်အပြင်ကို အပြည့်အ၀ ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေသာမက အမျိုးသားတွေပါ ချင်းကျူရဲ့ တည်ကြည်ခန့်ညားမှုအောက် ကျဆုံးနေကြပါပြီ။

“ဆရာကြီး.. ဘာများစားချင်လဲမသိဘူး”

ရှန်းကျီးဝမ်လည်း အသံလှိုင်းနဲ့ ဆက်သွယ်လိုက်ပါတော့တယ်။

သူတို့ အဆင့်မှာတော့ အစားအသောက်တွေ စားသောက်နေစရာ မလိုအပ်တော့ပါဘူး။ ဒါကြောင့် အပျင်းပြေရုံသာ စားသောက်ကြပါတော့တယ်။

“ဘာပဲ ဖြစ်ဖြစ် ရတယ်”
ချင်းကျူလည်း အရက်တစ်ကြိုက် မော့သောက်လိုက်ပြီး သာမန်ပဲ ပြောလိုက်ပါပြီ။ ဒါကို ကြားလိုက်ရတော့ ရှန်းကျီးဝမ်လည်း ပုံမှန်ပဲ မှာလိုက်ပါတော့တယ်။
“မင်းတို့ရဲ့ နာမည်ကြီး ဟင်းပွဲတချို့ပဲ ယူလာခဲ့ပါ”

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now