81 - 85

704 62 3
                                    


#အပူအပင်မဲ့အင်မော်တယ်
Chapter 81
မြစ်သခင်

“ဒီဖားပြုတ်နဲ့ စမ်းသပ်မလို့လား”
ချင်းကျူ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပါပြီ။

ဒီဆေးလုံးက ကောင်းကင်သူတော်စင်တစ်ဦးရဲ့ အမြုတေ စိတ်ဝိညာဉ်နဲ့ သန့်စင်ထားတဲ့ ဆေးလုံးတစ်လုံးပါ။ အခု အလဟသ ဖြစ်တော့မှာလား။

“မင်းသောက်လိုက်မလား”

“ဒီဖားပြုတ်နဲ့ပဲ စမ်းသပ်ကြည့်သင့်တယ်”

“…”

ပိုင်ရီလည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အလေးအနက်ထား ပြောလိုက်ပါပြီ။
“ဟမ့်.. စောင့်ကြည့်ပါ။ ဒီတစ်ခေါက်တော့ ငါအောင်ကို အောင်မြင်လိမ့်မယ်”

ပြောဆိုပြီးတာနဲ့ ပိုင်ရီလက်ညှိုးနဲ့ ဆေးလုံးကို တောက်ထုတ်လိုက်ပါပြီ။ အစိမ်းရင့်ရောင် ဆေးလုံးဟာ ဖားပြုတ်ပါးစပ်ထဲ ပျံသန်းဝင်ရောက်သွားပါတော့တယ်။ ပိုင်ရီလည်း ဖားပြုတ်ကို ချက်ချင်း မြေပြင်ပေါ် ပစ်ချလိုက်ပြီး နောက်ကို ခုန်ဆုတ်လိုက်ပါပြီ။

ချင်းကျူ
“…”

ဘာဖြစ်လို့ ဒီလောက်တောင် စိတ်ပူနေတာလဲ။

ငါးမိနစ် ကုန်ဆုံသွားပါတော့တယ်။

“ဘာမှလည်း မထူးခြားပါလား”
ချင်းကျူ မျက်မှောင်ကြုတ်လိုက်ပါပြီ။

“ခဏလောက် စောင့်ကြည့်ပါဦး”

ပိုင်ရီလည်း ဖားပြုတ်ကို အသေအချာ ကြည့်ရင်း စိတ်ထဲကနေ ဆေးစွမ်းပြစမ်းလို့ အော်ဟစ်နေပါတော့တယ်။

နောက်ထပ် ငါးမိနစ် ထပ်ပြီး ကုန်ဆုံးသွားခဲ့ပါပြီ။ ဒါပေမဲ့ ဖားပြုတ်က ဘာမှ မထူးခြားသေးပါဘူး။

“ဆေးဖော်စပ်တုန်းက အမြုတေ စိတ်ဝိညာဉ်များ ပျက်စီးသွားသလား”

ချင်းကျူလည်း မယုံကြည်နိုင်တဲ့ အကြည့်နဲ့ ကြည့်ပြီး မေးမြန်းလိုက်ပါတော့တယ်။

“မဖြစ်နိုင်ဘူး။ အမြုတေ စိတ်ဝိညာဉ်ကို ဒီဆေးလုံးနဲ့ သေချာပေါင်းစပ်နိုင်ခဲ့ပါတယ်”
ပိုင်ရီက ချက်ချင်းပြန်လည် ကန့်ကွက်လိုက်ပါပြီ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now