ep(10)

2.8K 168 0
                                    

🖤CAN'T  LOSE YOU 🖤




ep(10)





" ၀မ် ကျမမွေးနေ့ကို တကယ်လာတယ် ၀မ်းသာ လိုက်တာ Wang ရယ် "


" အင်း Happy Birthday ပါ "

" ကျေးဇူးပါ Wang "

" Happy Birthday နော် "

Haoxuan သူ့ကို နှုတ်ဆက်မလားလို့ ကြည့်နေခဲ့သေးတယ် တချိန်လုံး တ၀မ်ထဲ၀မ်နေတဲ့ သူမကြောင့် သူအသံပေးလိုက်ရတယ် ပါလာတယ်ဆိုတဲ့ အကြောင်းလေး

" အင်း ကျေးဇူးပါ "

Haoxuan ကမ်းပေးလာသော မွေးနေ့ လက်ဆောင်ဗူးကို ယူရင်း သူမက ၀မ်တို့ ထိုင်ဖို့ နေရာ စီစဥ်ပေးလိုက်တယ် ။

" ထိုင်နော် ၀မ် လိုတာရှိရင် အားလုံးမှာလိုက် Daddy ကို သွားခေါ်လိုက်အုံးမယ် "

" အင်း "

အင်းတလုံးဘဲ ဆိုတဲ့ ၀မ်ကြောင့် သူမက အင်တင်တင်ပြုံးကာ ထိုနေရာမှ ထွက်လာခဲ့သည် ။

" မင်းစောက်လုပ်ရှုပ်တယ်နော် Haoxuan "

" မင်းကလည်း ဒီတခါလေး ကူညီပါကွာ "

ဒီမွေးနေ့ပွဲကို Haoxuan က အရမ်းသွားချင်နေလို့ သူက ကူညီပေးလိုက်ရုံဘဲ ။ အတည်လိုက်မလို့လား မေးတော့လည်း ဒီတိုင်းလှလို့ သဘောကျတာ တဲ့ ဒီကောင်နှာဘူး ။ အလှလေးတို့ အဆောင်ရှေ့သွားပြီး လူပျိုလှည့်မလို့ဟာကို ဒီကောင် လုပ်လို့ သက်သက် သူ့အချိန်တွေ ကုန်တော့မယ် ။

"ဟိုမှာ လာနေပြီ "

နှာဘူးကတော့ ဟိုကောင်မလေးနဲ့ သူ့အဖေက သူတို့ဝိုင်းကို လျောက်လာတာ မြင်တော့ သူ့ကို မျက်စပ် ပြစ်ပြပါသည် ။

ခါတိုင်းနေ့တွေထက် သူမက ဒီနေ့ပိုလှနေသည် ။ အဖြူရောင် ဂါ၀န်တိုလေးနဲ့ ဂုတ်ထောက်ဆံပင်လေးကိုလည်း နောက်ကနေ စည်းထားသေးသည် ။ ရိပေါ် မျက်လုံးထဲမှာတော့ ဒီလို တောက်ပတဲ့ အလှတရားထက် ရိုးရှင်းတဲ့ သဘာ၀ တရားလေးကိုဘဲ ပိုသဘောကျတယ် ။ အင်း ရှောင်ကျန့်ရဲ့ အလှတရားက ရိုးရှင်းပြီး သဘာ၀ ကျတယ် ။

တွေးရင်းနဲ့တောင် သတိတွေရလာလို့ မင်းဆီသာလာ ပြေးတွေ့ချင်နေပြီ

🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now