101 - 105

710 69 3
                                    


#အပူအပင်မဲ့အင်မော်တယ်
Chapter 101

ဝိညာဉ်ဗဟိုကမ္ဘာ၊ တောင်ပိုင်းကုန်းမြေကြီး၊ သေမင်းဝိညာဉ်လျှိုမြောင်

အခုအချိန်မှာတော့ ထူထပ်လှတဲ့ တောအုပ်ထဲမှာ လေထုဟာ အလွန်သန့်စင်ပြီး ပန်းရနံ့တွေ လွင့်ပျံ့နေခဲ့ပါတယ်။ နေရောင်ခြည်ဟာ သစ်ရွက်တွေအကြားကနေ မြေပြင်ပေါ် ဖြာကျနေတာ တွေ့ရမှာပါ။ နေပြောက်လေးတွေကို မြေပြင်အနှံ့ နေရာတိုင်းလိုလိုမှာ မြင်တွေ့ရပါလိမ့်မယ်။

ချင်းကျူလည်း ရေကန်လေးထဲမှာ စိတ်ချမ်းသာစွာ အပန်းဖြေနေခဲ့ပါတယ်။

ဒီရေကန်လေးဟာ ဝိညာဉ်စွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရေကန်ငယ်လေးပါ။ တန်ခိုးရှင်တစ်ဦးအတွက်ကတော့ ဒီရေကန်လေးရဲ့ အစွမ်းသတ္တိဟာ ဝိညာဉ်ချည်ဆီ ရေကန်နဲ့ တူညီတယ် ဆိုရပါလိမ့်မယ်။

ရေကန်နံဘေး ရှိနေတဲ့ ချင်းကျူရဲ့ တန်ခိုးကျင့်စဉ် အခြေခံ တိုးတက်နှုန်းဟာ တစ်ဝက်လောက် ကြိုးစားရုံနဲ့ နှစ်ဆ မြန်ဆန်ပါပြီ။ ရေကန်ထဲ ရှိနေတဲ့လူဆိုရင် ပြောစရာကို မလိုတော့ပါဘူး။

အစတုန်းကတော့ ပတ်ဝန်းကျင်မှာ အဆင့်မြင့် မိစ္ဆာသားရဲတွေ အများအပြား ရှိနေခဲ့ပါတယ်။ အခုတော့ ချင်းကျူက သူတို့အားလုံးကို ရှင်းလင်းလိုက်ပါပြီ။ ဒါကြောင့် ကီလိုမီတာ ရာဂဏန်း ဝန်းကျင်အတွင်းမှာ ဝမ်ရှင်းသူတော်စင်အဆင့်အထက် မိစ္ဆာသားရဲတစ်ကောင်ကို မြင်ရဖို့ မဖြစ်နိုင်သလောက် ဖြစ်သွားခဲ့ပါပြီ။

ရေကန်လေးထဲ ချင်းကျူ နံဘေး နွယ်ပင်လေးတစ်ပင် မျောနေခဲ့ပါတယ်။ ဒီနွယ်ပင်လေးဟာ ဝိညာဉ်စွမ်းအင်ကို အရူးအမူး စုပ်ယူနေတာလည်း တွေ့ရမှာပါ။ သူက ယန့်ရှီအပြင် ဘယ်သူဖြစ်နိုင်လိမ့်မလဲ။

“ဒီပတ်ဝန်းကျင် အခြေအနေက မဆိုးဘူးပဲ။ နောက်ကျမှ ရွှမ်းရီတောင်တန်းဂိုဏ်းကို ဒီနေရာ ရွှေ့ပြောင်းရမယ်”

ချင်းကျူလည်း အရက်တစ်ကြိုက် မော့သောက်ပြီး အလေးအနက်ထား ပြောလိုက်ပါပြီ။

အပြင်လူတွေသာ ဒီစကားကို ကြားလိုက်ရမယ်ဆိုရင် ချက်ချင်း သွေးအန်သွားလောက်ပါတယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now