111 - 115

636 62 1
                                    


#အပူအပင်မဲ့အင်မော်တယ်
Chapter 111
ဝိညာဉ်ကလန်

ဗဟိုကုန်းမြေတိုက်ကြီးက မြင့်မြတ်သော ကုန်းမြေကြီးဟာ အတိုင်းအဆမဲ့ ကျယ်ပြောတယ် ဆိုရပါလိမ့်မယ်။ ပြောရရင် တောင်ပိုင်းနယ်မြေကြီးထက် အဆများစွာ ကျယ်ပြောခဲ့ပါတယ်။ မရေမတွက်နိုင်အောင် များပြားလှတဲ့ တန်ခိုးရှင်တွေလည်း ဒီနေရာမှာပဲ လျှိုဝှက်နေထိုင်နေပါသေးတယ်။

သူတို့ထဲမှာ မြင့်မြတ်သော မဟာကုန်းမြေကြီး ရှစ်ခုနဲ့ မြင့်မြတ်သော ကလန်ကြီး ဆယ့်နှစ်ခုဟာ ထိပ်တန်းအဆင့် တည်ရှိမှုတွေပါ။

မြင့်မြတ်သော မဟာကုန်းမြေကြီးတွေရဲ့ နာမည်တွေကတော့ သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေ၊ ကောင်းကင်ဘုံ အမြုတေ မြင့်မြတ်သော ကုန်းမြေ၊ သွေးနီအဇူရာ မြင့်မြတ်သော ကုန်းမြေ၊ အဝေးရောက် မိစ္ဆာ မြင့်မြတ်သော ကုန်းမြေ၊ ပြိုင်စံရှား မြင့်မြတ်သော ကုန်းမြေ၊ လျှို့ဝှက်ဓားမြင့်မြတ်သော ကုန်းမြေ၊ ကမ္ဘာဦးပျက်စီးခြင်း မြင့်မြတ်သော ကုန်းမြေနဲ့ အင်မော်တယ် မြင့်မြတ်သော ကုန်းမြေတို့ပါ။

မြင့်မြတ်သော ကလန်ကြီးတွေရဲ့ နာမည်တွေကတော့ မီး၊ ရေခဲ၊ သွေး၊ ကျောက်တုံး၊ နဂါး၊ ဆေးဝါး၊ ဝိညာဉ်၊ ပုံရိပ်ယောင်၊ အမြုတေ၊ အသံလှိုင်း၊ စိတ်နှလုံးသား၊ လေပြင်း ကလန်တို့ပါပဲ။

မြင့်မြတ်သော မဟာ ကုန်းမြေကြီး ရှစ်ခု ၊ မြင့်မြတ်သော ကလန်ကြီး ဆယ့်နှစ်ခု အားလုံးတို့မှာ ကောင်းကင်သူတော်စင် အများအပြား စောင့်ကြပ်ကာကွယ်ပေးထားခဲ့ကြပါတယ်။ သူတို့တွေက ဗဟိုကုန်းမြေတိုက်ကြီးမှာလည်း ပြိုင်ဘက်ကင်းတယ် ဆိုရမဲ့ တည်ရှိမှုတွေပါပဲ။

ပြောရမယ်ဆိုရင် ဝိညာဉ်ကလန်ဟာ မြင့်မြတ်သော ကလန်ကြီး ဆယ့်နှစ်ခုမှာ အစွမ်းထက်တယ်လို့ မဆိုနိုင်ပေမဲ့လည်း အလွန်လျှို့ဝှက်ဆန်းကြယ်တဲ့ ဂိုဏ်းတစ်ခုလို့တော့ ပြောနိုင်ပါတယ်။

ဒါ့အပြင် သူတို့တွေက စိတ်နှလုံးသား ကလန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေခဲ့တာကြောင့် တခြား အဖွဲ့အစည်းတွေဟာ သူတို့ကို အပြစ်မပြုဝံ့ခဲ့ကြပါဘူး။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now