116 - 120

668 62 0
                                    


#အပူအပင်မဲ့အင်မော်တယ်
Chapter 116

၀ုန်း

လျှို့ဝှက်ခန်းတံခါး ကြမ်းပြင်ထက် ပြုတ်ကျသွားခဲ့ပါပြီ။

ချင်းကျူလည်း အရက်တစ်ကြိုက် မော့သောက်လိုက်ပြီး လျှို့ဝှက်ခန်းထဲ ဝင်ရောက်သွားပါတော့တယ်။

၀ုန်း ၀ုန်း

၀င်္ကပါ တချို့ အသက်ဝင်လာခဲ့ပြီး အလင်းရောင်တွေ ချင်းကျူဝန်းကျင်မှာ တောက်ပလာခဲ့ပါပြီ။

၀ုန်း

ခလွမ်

ဒီအလင်းရောင်တွေထဲ ကြောက်မက်ဖွယ် အဖျက်စွမ်းအင် ပါဝင်နေခဲ့ပါတယ်။ မူလတာအို သူတော်စင်တောင်မှ ရင်ဆိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ ချင်းကျူကတော့ မျက်မှောင်ကြုတ်ရုံသာ ကြုတ်ကြည့်ခဲ့ပါတယ်။သူ့အဝတ်အစားတွေတောင်မှ တစ်ချက်ကလေး မပြဲခဲ့ပါဘူး။

“အားလုံး သေသွားပြီပဲကို.. ဒီလို ထူးထူးဆန်းဆန်းတွေက အများကြီး ရှိနေသေးတယ်လား”

ချင်းကျူလည်း မျက်နှာတစ်ချက်မဲ့လိုက်ပါပြီ။ သူ့ခန္ဓာကိုယ်ကနေ ပိုပြီးတောက်ပတဲ့ ရွှေရောင်အလင်းတွေ ဖြာထွက်လာခဲ့ပြီး ၀င်္ကပါတွေ ပျက်စီးသွားပါတော့တယ်။

အပြင်မှာ ရှိနေတဲ့ စာအုပ်စင်ကြီးတွေလို မဟုတ်ပဲ လျှို့ဝှက်ခန်းထဲမှာ ကျင့်စဉ်အားလုံးကို ကျောက်စိမ်းပြားတွေထဲ ထည့်သွင်းထားခဲ့ပါတယ်။ အဆင့်မြင့် ဝိညာဉ်မှော်ရတနာ အများအပြားနဲ့ ဆေးမျိုးစုံလည်း ရှိနေပါသေးတယ်။

လင်းဒီမသေဆုံးခင်မှာ ဝိညာဉ်မှော်ရတနာ တစ်ခုကို ထုတ်ယူလာခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရွှေရောင်စက်သေနတ်ကြီးရဲ့ ပစ်ခတ်မှုအောက်မှာ ဝိညာဉ်မှော်ရတနာဟာ စက္ကန့်အနည်းငယ်သာ ခံနိုင်ရည်ရှိခဲ့ပြီး ပျက်စီးသွားခဲ့ပါပြီ။

ပြောရမယ်ဆိုရင် ရွှေရောင်စက်သေနတ်ကြီးဟာ မြင့်မြတ်သော မှော်ရတနာ အဆင့်လောက်အထိ ရောက်နေပါပြီ။ ဒါ့အပြင် ချင်းကျူထက်ထဲမှာ ပိုပြီး အစွမ်းထက်နေခဲ့ပါတယ်။ မဟုတ်ဘူးဆိုရင် ချင်းကျူအနေနဲ့ လင်းဒီကို သေနတ်နဲ့ ပစ်သတ်လို့ ရနိုင်လိမ့်မယ် မဟုတ်ပါဘူး။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now