121 - 126

684 66 6
                                    


#အပူအပင်မဲ့အင်မော်တယ်
Chapter 121
စားသောက်ပွဲတော်

ခမ်းနားထည်ဝါလှတဲ့ ဧည့်ခန်းကြီးအတွင်း ချင်းကျူနဲ့ ဆုယန်တို့ တစ်ဖက်မှာ ထိုင်ပြီး ပတ်ဝန်းကျင်ကို စိတ်ဝင်တစား အကဲခတ်နေခဲ့ကြပါတယ်။

ရိုးရိုးသားသား ပြောရရင် သူ့ကို ဝင်တိုက်လိုက်တဲ့ ကံဆိုးသူမောင်ရှင်က ကြယ်တာရာတောင်အင်ပါယာက စေလွှတ်လိုက်တဲ့ သူလျှိုဖြစ်နေလိမ့်မယ်လို့ ချင်းကျူ ထင်မထားမိခဲ့ပါဘူး။

လီချီရီ ပြန်ရောက်လာချိန်ကစလို့ နတ်ဘုရားကုန်းမြေမြို့တော်ထဲမှာ ရန်သူရဲ့ သူလျှိုတွေကို ရှာဖွေဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒီဝတ်စုံနက်ဝတ် လူကြီးကတော့ သူလျှိုတစ်ဦးပါ။

ကွန်မန်ဒါယွီက ချင်းကျူတို့ကို တစ်ယောက်ယောက်က တွေ့ချင်နေပါတယ်လို့ ပြောပြီး ဒီနေရာကို ဖိတ်ခေါ်ခဲ့တာပါပဲ။

ဒါပေမဲ့ အခုအချိန်အထိ လူတစ်ဦးတောင် မရောက်လာသေးပါဘူး။

ချင်းကျူလည်း စိတ်မရှည်စွာနဲ့ ပြန်ထွက်ဖို့ စဉ်းစားလိုက်ချိန်မှာ လူရိပ်တစ်ခု ဧည့်ခန်းထဲ ဝင်ရောက်လာခဲ့ပါပြီ။

“ငါက လီချီရီပါ။ မင်းက ကွန်မန်ဒါယွီကို ကူညီပြီးတော့ သူလျှိုဖမ်းပေးတဲ့ တစ်ယောက်မဟုတ်လား။ ကျေးဇူးတင်ပါတယ်”

ဒီလူက တည့်တိုးပြောလိုက်ပေမဲ့လည်း လေသံထဲမှာ စိတ်သဘောထား ပြည့်၀မှု ပါဝင်နေခဲ့ပါတယ်။

ချင်းကျူလည်း လီချီရီကို အကဲခတ် ကြည့်ရှုလိုက်ပါပြီ။ သူက မျက်ခုံးကောင်းကောင်း၊ မျက်လုံးတွေက အရောင်တောက်ပနေတယ်။ ပြီးတော့ ဆံပင်တွေကို သေချာ စည်းနှောင်ထားသလို ရွှေသရဖူ တစ်ခုကိုလည်း ဆောင်းထားပါသေးတယ်။ သူ့ခန္ဓာကိုယ်ကနေ ဖြာထွက်နေတဲ့ အော်ရာအရှိန်အဝါကို ခံစားလိုက်ရသူတိုင်းဟာ စက္ကန့်ပိုင်းအတွင်း ဒူးထောက်ခစားချင်စိတ် ဖြစ်ပေါ်လာမှာပါ။ ဒါက လီချီရီရဲ့ ကိုယ်ပိုင်အော်ရာအရှိန်အဝါပါပဲ။

ဒါပေမဲ့ လီချီရီ ကိုယ်တိုင် ထွက်တွေ့လာလိမ့်မယ်လို့ ချင်းကျူ ထင်မထားမိခဲ့ပါဘူး။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now