Ch 8 - 14

759 57 1
                                    

#အပူအပင်မဲ့အင်မော်တယ်
Book 10
Chapter 8
မြင့်မြတ်သော အင်မော်တယ် ဘိုးဘေးကြီး နှစ်ဦး

ဝိညာဉ်ဗဟို ကမ္ဘာရဲ့ မြင့်မြတ်သော ကုန်းမြေကြီး ရှစ်ခုနဲ့ မြင့်မြတ်သော ကလန်ကြီး ဆယ့်နှစ်ခုမှာ ချင်းကျူ ဖျက်ဆီးလိုက်လို့ ပျက်စီးသွားတဲ့ ဝိညာဉ်ကလန်က လွဲရင် မြင့်မြတ်သော အင်မော်တယ် ကုန်းမြေဟာ အစွမ်းအထက်ဆုံးနဲ့ သက်တမ်းအနည်းဆုံး တည်ထောင်နိုင်ခဲ့တဲ့ အဖွဲ့အစည်းလို့ ဆိုနိုင်ပါတယ်။

ဝိညာဉ်ဗဟို ကမ္ဘာမှာ အခုလက်ရှိ ဘိုးဘေး သူတော်စင်ကြီး ရှစ်ဦး ရှိပြီး တစ်ဦးစီတိုင်းက မြင့်မြတ်သော ကုန်းမြေ တစ်ခုဆီကို အုပ်စိုးထားခဲ့ကြပါတယ်။

မြင့်မြတ်သော အင်မော်တယ် ကုန်းမြေက မြင့်မြတ်သော ဆရာကြီးဟာ အခုလက်ရှိ အစွမ်းအထက်ဆုံး တန်ခိုးရှင်လို့ လူတိုင်းရဲ့ အသိအမှတ်ပြုထားခြင်း ခံထားရသူပါ။

အဲဒီတုန်းက မြင့်မြတ်သော အင်မော်တယ် ဘိုဘေးကြီးဟာ နှစ်ပေါင်း တစရာ မပြည့်ခင်မှာပဲ ဘိုးဘေးသူတော်စင် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ သူအဆင့်တက်ချိန် ပြသလာတဲ့ နိမိတ်လက္ခဏာတွေဟာ ဝိညာဉ်ဗဟိုကမ္ဘာကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပါသေးတယ်။ ဒါ့အပြင်ကို သူအဆင့်တက်ပြီးချိန်မှာပဲ မြင့်မြတ်သော ပြိုင်ဘက်ကင်း ဘိုးဘေးကြီးကို စိန်ခေါ်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက မြင့်မြတ်သော ပြိုင်ဘက်ကင်း ဘိုးဘေးကြီးဟာ အခုလက်ရှိ မြင့်မြတ်သော အင်မော်တယ် ဘိုးဘေးကြီးနဲ့ အဆင့်ချင်း အတူတူပါပဲ။ သူ့ကို ဝိညာဉ်ဗဟို ကမ္ဘာကြီး တစ်ခုလုံးက အစွမ်းအထက်ဆုံး တန်ခိုးရှင်ကြီးအဖြစ် အသိအမှတ် ပြုခဲ့ကြပါတယ်။

သုံးရက် သုံးညတိုင်အောင် တိုက်ခိုက်ပြီးချိန်မှာ သူတို့ နှစ်ဦးကြောင့် မရေမတွက်နိုင်တဲ့ မြစ်ကြီးတွေ တောင်တန်းကြီးတွေ ပျက်စီးသွားခဲ့ရသလို မိုးနဲ့မြေဟာလည်း ပြိုကျပျက်စီးခဲ့ရပါတယ်။ မဟာကောင်းကင်သူတော်စင်တွေတောင်မှ သူတို့ တိုက်ပွဲအနားကို မချည်းကပ်ဝံ့ခဲ့ကြပဲ အဝေးကနေသာ ကြည့်ရှုခဲ့ကြရတယ်လို့ ဆိုကြပါတယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now