ep(11)

2.7K 157 0
                                    

🖤CAN'T LOSE YOU 🖤









ep(11)





၀မ်ရိပေါ် ရန်ဖြစ်တယ် ဆိုတဲ့ သတင်းက တကျောင်းလုံးကို စီစီညံညံပွက်လော ရိုက်စေသည် ။

"ငါ့ကောင်လေးကို ဘယ်သူကများ အလိုလုပ်ရဲတာလဲ "

" ငါလည်း စိတ်တိုလို့သေတော့မယ် အေးဆေးနေတဲ့ ငါ့ကောင်လေးဘဲ ပြသနာ ရှာနေကြတယ် "


၀မ်ရိပေါ်မှားမှားမှန်မှန် ၀မ်ရိပေါ်ဘက်မှာ ရှိတဲ့ အမျိုးသမီးထုက သက်သက်ကို ရှိတာ ။ ခုလည်း ၀မ်ရိပေါ်  ရှိတဲ့ ရုံးခန်းရှေ့ကို ရောက်နေတဲ့ အမျိုးသမီးထုကတော့ ပြသနာ အရင်းမြစ်ကို မသိဘဲ တဖက်လူကိုသာ အပြစ်တင် ပြောဆိုနေကြသည် ။ တဖက်လူမှာတော့ ရုံးခန်းထဲတောင် ရောက်မလာနိုင် ၀မ်ရိပေါ်  ရိုက်ခွဲလိုက်လို့ ဆေးရုံရောက်နေပြီဆိုတာ သိလည်း လစ်လျှူရှုထားကြသည် ။

"ကဲ ဘယ်က စဖြစ်တယ် ဆိုတာ ဆရာကိုပြော ၀မ်ရိပေါ် "

အုပ်ကြီးရဲ့ အမေးစကားကို ၀မ်ရိပေါ်က ပြန်မဖြေဘဲ အကြောတင်းနေတာမို့ Haoxuan ကဘဲ အုပ်ကြီးကို ကြောက်လို့ ပြန်ဖြေရသည် ။

" ဒီလိုပါ ဆရာ ဒီမနက် အားကစားရုံခန်းမမှာ ကျနော်တို့ basket Ball ဆော့နေကြတာပါ အတာကို Gian က လာပြီး ၀မ်ရိပေါ်ကို မခံနိုင်တဲ့ စကားတွေ ပြောပြီး ရန်စပါတယ် ၀မ်ရိပေါ်ကို သည်းခံဖို့ အစက တားထားပါသေးတယ် သူတို့က လွန်လာလို့ ၀မ်ရိပေါ်က အဲ့နားမှာ ရှိတဲ့ တုတ်နဲ့ ခေါင်းကို ရိုက်လိုက်ပါတယ် ပြီးတော့ Gian ရဲ့ လူတယောက်က ၀မ်ရိပေါ်ကို နောက်ကနေ ရိုက်တာ ၀မ်ရိပေါ်က လက်ကာလိုက်လို့ လက်ကို ရိုက်မိသွားတာပါ "

" အဲ့ကျန်တဲ့ လူကို မင်းကလည်း ထပ်ရိုက်လိုက်တယ် ဆိုပါတော့ "

" ကျနော့်သူငယ်ချင်းကို လာထိလို့ပါ အုပ်ကြီး "

" ငါ ဘယ်လို အပြစ်ပေးသင့်လဲ "

" အုပ်ကြီးသဘော "

ဒီစကားကတော့ အတန်းပိုင်ဆရာမက ပတ်တီးစီးပေးနေတဲ့ ၀မ်ရိပေါ်က ထပြောလိုက်တာပါ

" သား၀မ် အလိုမပြောရဘူးလေ အုပ်ကြီးရှင် ကျမတပည့်တွေကို ကျမသေချာဆုံးမပါမယ် "

🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now