Ep-5

414 67 3
                                    

Unicode

ဒါ ထယ်ရယ်ရဲ့ ပထမဆုံးအနမ်းပင်။ ရုန်းကန်လိုက်ချင်ပေမယ့် သူ့ ၏အနမ်းအောက်မှာ ဘယ်လိုမှ မရုန်းမထွက်နိုင်တော့ချေ။ ‌အားအင်တွေ စုပ်ယူသွားသလိုခံစားလိုက်ရကာ အပေါ်တစ်လှည့်အောက်တစ်လှည့် စုပ်ယူခံနေရသော နှုတ်ခမ်းငယ်တစ်စုံ။ ဒီအရာက မလုပ်သင့်‌မှန်းသိပေမယ့် ထယ်ရယ် မငြင်းနိုင်ခဲ့ပေ။ ခဏကြာတော့ အသက်ရူရခက်တာမလို့ ထယ်ရယ်လက်သေးသေးလေးနှင့် တွန်းဖယ်လိုက်တော့မှ စုပ်ယူထားထားသော နှုတ်ခမ်းငယ်တစ်စုံက လွတ်လပ်သွားတော့သည်။

ထယ်ရယ်လည်း ခုန်နေသော နှလုံးသားငယ်ကိုဖိကာ ကားကို ဂရုတစိုက်နဲ့ ဂယ်ချောင်ဆေးရုံကိုသာ မောင်းလာခဲ့လိုက်သည်။

ကားပေါ်မှာ တစ်ချိန်လုံး ရီဝေဝေနဲ့ စိုက်ကြည့်နေသော HanBin ကို ကြည့်ကာ Matthew ကျောချမ်းလာရသည်။ ဘာကိစ္စကြောင့် လူကို ဒီလောက်စိုက်ကြည့်နေရတာလဲ မသိဘူး။ အရင်ဘဝက ငါ သူ့ဆီက အကြွေးတွေဘာတွေ ယူထားမိလို့ထင်တယ်။

"ဒီမယ်.. ခဗျား ကျွန်တော်ကို ဘာလို့ အဲ့လောက် စိုက်ကြည့်နေရတာလဲ"

"မင်းက ချစ်ဖို့ကောင်းလွန်းလို့လေ.. ငါ မက်ချူးလေး"

မူးနေတယ့်လူမလို့ ခွင့်လွတ်ပေးလိုက်သည်။ မနက်ဖြန် ကြရင်လည်း ဘာမှ မမှတ်မိတော့မယ့်တူတူကို အခုတော့ သူ ပြောချင်တာ ပြောပါစေတော့။

Matthew တို့ရဲ့ကားလေးမှာလဲ တရွေ့ရွေ့နဲ့ ဂယ်ချောင် ဆေးရုံကို ရောက်လာခဲ့လိုက်သည်။

ဆေးရုံသို့ရောက်ရောက်ချင်း ဟန်ဘင်းကို မနိုင်မနင်းတွဲခေါ်ကာ သူ့ အခန်းသို့ ပြန်လိုက်ပို့လိုက်လေသည်။ အခန်းထဲထိတွဲလာကာ ဟန်ဘင်းကို ကုတင်ပေါ်မှာ သေချာ နေရာချလိုက်ပြီး.. ငါအကျီလဲပေးလိုက်သင့်လား။ အာ မဖြစ်သေးပါဘူး ဒီတိုင်းထားခဲ့လိုက်မယ်။ ဒါပေမယ့် သနားသော အားဖြင့် ဝတ်ထားတဲ့ ဖိနပ်လေးတော့ ချွတ်ပေးခဲ့လိုက်မယ်။
ဟန်ဘင်းရဲ့ ဖိနပ်အား ချွတ်ပေးလိုက်ကာ နေရာတစ်ကျ ပြန်ထားပေးလိုက်သည်။ အခန်းထဲကနေ ထွက်ခံနီး အိပ်မောကျနေသည့် ဟန်ဘင်းနား သွားကာ နဖူးအား ခပ်ဖွဖွ နမ်းလိုက်သည်။

𝗗𝗼𝗰𝘁𝗼𝗿 𝗜𝗻 𝗣𝗿𝗼𝗴𝗿𝗲𝘀𝘀Where stories live. Discover now