Book 11 Ch 1 - 7

726 58 0
                                    


#အပူအပင်မဲ့အင်မော်တယ်
Book 11
Chapter 1

အခုအချိန်မှာတော့ လောင်အော်တျန်းတစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံး နာကျင်မှုဝေဒနာကို ခံစားနေရပါပြီ။ တန်ပြန်အင်အားကြောင့် သူ့ရဲ့ သွေးကြောတွေလည်း ဒဏ်ရာရသွားခဲ့ပါပြီ။ သူ့ရဲ့ ဝိညာဉ်စွမ်းအင်ကိုလည်း လှည့်ပတ်စီးဆင်းစေလို့ မရတော့ပါဘူး။

ဒီလိုမျိုး တန်ပြန် အင်အားကြောင့် တစ်ချိန်ချိန်မှာ ဒဏ်ရာရလာလိမ့်မယ်လို့ လောင်အော်တျန်း ထင်တောင် မထင်ထားမိခဲ့ပါဘူး။ ပြီးတော့ ရန်သူက တုတ်တုတ်မျှ မရွေ့လျားပဲ ရပ်နေခဲ့တယ် မဟုတ်လား။

ဘိုးဘေးသူတော်စင်တောင်မှ ဒီလို လုပ်နိုင်စွမ်း မရှိပါဘူး။ ဟုတ်တယ်နော်။

ဒီအစ်ကိုတော်ချင်းဆိုသူက ဘယ်လို ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်မျိုးလဲ။

နာကျင်မှုကို ကြိတ်မှိုတ်မျိုသိပ်ရင်း လောင်အော်တျန်းတစ်ယောက် မြေပြင်ကနေ ကြိုးစားထရပ်လိုက်ပါပြီ။ ဒီအခါမှာတော့ သူ့ရဲ့ ခွန်အား တော်တော်များများ အသုံးပြုလို့ မရတော့တာကို တွေ့လိုက်ရပါတော့တယ်။ အထူးသဖြင့် လက်သီးထိုးလိုက်တဲ့ လက်တစ်ဖက်ပါ။ အခုဆို ဒီလက်ဟာ ဘာမှ လုပ်လို့ မရတော့ပါဘူး။

အခု အခြေအနေမျိုး ဒဏ်ရာအပြင်းအထန် ရထားပုံနဲ့ဆိုရင် ကောင်းကင်သူတော်စင် တစ်ဦးဖြစ်နေပေမဲ့လည်း လဝက်လောက်တော့ အနားယူပြီး ကုစားဖို့ လိုအပ်သွားပါပြီ။

အခုမှ အပြင်ထွက်လာလာချင်းမှာပဲ သူအိမ်ပြန်ရတော့မှာလား။

ဒီ ဒီ ဒီ

ဒီအချိန်မှာပဲ ရွှေရောင်မြူခိုးတွေဟာ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး သူအရေပြားနဲ့ ပေါင်းစည်းသွားခဲ့ပါပြီ။

ဒီရွှေရောင် မြူခိုးမှုန်တွေထဲမှာ အံ့မခန်း ကုသနိုင်စွမ်း ပါဝင်နေခဲ့ပါတယ်။ သူ့ရဲ့ ကျိုးကြေသွားတဲ့ အရိုးတွေဟာ ချက်ချင်းပဲ လျှင်မြန်စွာ ပြန်ဆက်လာကြပါပြီ။ သူ့ရဲ့ သွေးကြောတွေဟာ လျှင်မြန်စွာပဲ မူလ အခြေအနေကို ပြန်ရောက်လာပါတော့တယ်။ တဒင်္ဂ အတွင်းမှာပဲ လောင်အော်တျန်းတစ်ယောက် ဒဏ်ရာအကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့ပါပြီ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now