8 - 14

595 51 7
                                    

#အပူအပင်မဲ့အင်မော်တယ်
Book 11
Chapter 8
“အဆင်သင့် လုပ်ထားကြတော့ဟေ့။ အပြင်လောက သဲကန္တရရဲ့ မင်းတို့ အင်ပါယာ ပြန်လာပြီ”

“နှစ်ပေါင်း ၂၀၀ အလွန်မှာ မြေကမ္ဘာအဆင့်ကို မင်းတက်လှမ်းနိုင်လိမ့်မယ်လို့ ငါထင်မထားမိခဲ့ဘူး။ စိတ်ဝင်စားစရာပဲ”

သဲလူရုပ်ကြီးက လျှိုချင်းပိုင်ကို ငုံ့ကြည့်ပြီး ပြောလိုက်ပါပြီ။ သူ့ရဲ့ ကျောဘက်မှာ တောင်ပံတစ်စုံ ရှိနေခဲ့ပါတယ်။ သူ့တောင်ပံကြီးဟာ မိုးကောင်းကင်နဲ့ နေမင်းကိုပါ ဖုံးကွယ်သွားခဲ့ပါပြီ။

သဲလူရုပ်ကြီးရဲ့ ခန္ဓာကိုယ်ဟာ သဲပွင့်တွေနဲ့ တည်ဆောက်ထားခဲ့ပြီး ပေပေါင်း ထောင်ချီကို မြင့်မားခဲ့ပါတယ်။ သူလှုပ်ရှားလိုက်တိုင်း လေပြင်းတွေ တိုက်ခတ်ပြီး တိမ်တိုက်တွေ ရွေ့လျားသွားစမြဲ။ သူဟာ နတ်ဘုရားတစ်ပါးအလား။

“မင်းကိုလည်း အင်းခတ်ထားခြင်းကနေ ဒီလောက်စောစော ထွက်ပြေး ရုန်းထွက်နိုင်လိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး”

လျှိုချင်းပိုင်လည်း အခုမှ သက်ပြင်းချနိုင်ခဲ့ပါတယ်။ ဒီသဲလူရုပ်ကြီးကလည်း မြေကမ္ဘာ သူတော်စင် အဆင့်ပဲ ရောက်သေးတယ် မဟုတ်လား။

“ဟမ့်… အဲဒီ စပ်စုတတ်တဲ့ တစ်ယောက်ကြောင့်သာ မဟုတ်ဘူးဆိုရင် အစောကြီးကတည်းက မင်းတို့ သေဆုံးသွားပြီးပြီ”

သဲလူရုပ်ကြီး အေးစက်စွာ ပြောလိုက်ပါပြီ။
“ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဘယ်သူမှ ဝင်မပါတော့ပါဘူး။ ဘယ်သူမှလည်း မင်းတို့ကို မကယ်တင်ပေးနိုင်တော့ပါဘူး”

“မင်းတစ်ယောက်တည်းနဲ့ လုပ်နိုင်မယ်လို့ ထင်လို့လား”

လျှိုချင်းပိုင် နှာခေါင်းရှုံ့လိုက်ပါတော့တယ်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်တုန်းက ဆိုရင်တော့ ငါက မင်းပြိုင်ဘက် မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အခုကော မင်းက ငါ့ကို အနိုင်ယူနိုင်ဦးမှာ မို့လား”

လျှိုချင်းပိုင်ဟာ အထီးကျန်မြို့တော်ကို နှစ်ပေါင်း ၂၀၀ ကျော် စီမံအုပ်ချုပ်ခဲ့ရပါတယ်။ မဟာအကာအကွယ် ၀င်္က့ပါဟာ ပထမဆုံး အတားအဆီးပါ။ သူ့မှာ အသုံးပြုနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိနေပါသေးတယ်။ တချို့သော လျှို့ဝှက်ချက်တွေက သူတစ်ဦးတည်းသာ သိထားတဲ့ လျှို့ဝှက်ချက်တွေပါ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now