Book 12 Ch 1 -7

627 52 2
                                    


#အပူအပင်မဲ့အင်မော်တယ်
Book 12
Chapter 1

“တာ့တာ့”

“တာ့တာ”

စကားဆုံးသွားတာနဲ့ သူတို့ နှစ်ဦး လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆန့်ကျင်ဘက် အရပ်တွေဆီ လမ်းခွဲ ထွက်ခွာသွားခဲ့ကြပါပြီ။

ဆုယန်ရဲ့ တန်ခိုးကျင့်စဉ် အခြေခံဟာ ဗဟိုကုန်းမြေတိုက်ကြီးက မြင့်မြတ်သော နယ်မြေမှာ ဘာမှ မဟုတ်ပေမဲ့လည်း တောင်ပိုင်းနယ်မြေကြီးမှာ မြေကမ္ဘာသူတော်စင် တချို့ကလွဲရင် သူမဟာ ပြိုင်ဘက်ကင်းသလောက်နီးနီး ဖြစ်နေပါပြီ။ သူမအနေနဲ့ လမ်းခရီးမှာ ကြုံတွေ့ရမဲ့ အန္တရာယ်တွေကို စိတ်ပူဖို့ မလိုအပ်တော့ပါဘူး။

ဒါပေမဲ့ ဆုယန်ဟာ လမ်းမှာ ရုတ်တရက် ရပ်တန့်လိုက်ပြီး ချင်းကျူ ထွက်ခွာသွားရာ အရပ်ကို လှည့်ကြည့်နေခဲ့တယ် ဆိုတာကိုတော့ ချင်းကျူ မသိခဲ့ရှာပါဘူး။ သူမရဲ့ လက်စွပ်ထဲကနေ ကြေးမှန်ကို ထုတ်ယူလိုက်ပြီး ထူးခြားတဲ့ မျက်နှာအမူအရာနဲ့ ကြည့်နေခဲ့ပါတယ်။

သူမ ဘာတွေများ မှားနေလို့လဲ။

အလွန်ကို သယံဇာတ ပေါများကြွယ်၀ပြီး တိုးတက်ဖွံ့ဖြိုးတဲ့ ဗဟိုကုန်းမြေတိုက်ကြီးက မြင့်မြတ်သော နယ်မြေဆီကို သူမ ခရီးထွက်ခဲ့ပါတယ်။ အဲဒီမှာ ကောင်းကင်သူတော်စင် အဆင့်အထိ ရောက်အောင် လေ့ကျင့်ဖို့ လုံလောက်တဲ့ ရတနာတွေကို သူမ ရရှိပြီးသွားပါပြီ။ ဒီလို ရလဒ်မျိုးကြောင့် ဘယ်သူမဆို ဝမ်းသာပျော်ရွှင်နေမှာပါ။ ဒါပေမဲ့.. သူမ.. ဘာဖြစ်လို့ ဒီလောက် ဝမ်းနည်းပူဆွေးနေခဲ့ရတာလဲ။

“အဆုံးအစမဲ့ တောင်ကြီးတွေနဲ့ မြစ်ကြီးတွေ ရှေ့မှောက်မှာတောင် ကြေးမုံထဲက မိန်းမချောလေးဟာ ပြိုင်ဘက်ကင်းအောင် လှပခဲ့တယ်”
Segment 8756

ဒီစကားသံကို ဆုယန်ရဲ့ အတွေးထဲ ဆက်တိုက်ကြားယောင်နေခဲ့ပါတယ်။ သူမ ဘယ်လိုမှ ဖျောက်ဖျက်လို့မရနိုင်ခဲ့ပါဘူး။

အချိန်တော်တော် ကြာသွားချိန်မှာတော့ ဆုယန်လည်း သက်ပြင်းချလိုက်ပြီး ချင်းကျူအနောက် လိုက်ပါ ပျံသန်းသွားခဲ့ပါပြီ။ သူမ မိုးကုတ်စက်၀ိုင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားပါတော့တယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now