8 - 14

576 49 0
                                    

#အပူအပင်မဲ့အင်မော်တယ်
Book 12
Chapter 8

အဖြူရောင် အလင်းလုံးဟာ မီတာထောင်ချီကို ချက်ချင်း ဖြတ်ကျော်ပြီး ပိုင်ရီအရှေ့ ရောက်ရှိလာခဲ့ပါပြီ။ ပိုင်ရီရဲ့ အနီးကို ရောက်တဲ့ အချိန်မှာတော့ အဖြူရောင် အလင်းလုံးရဲ့ စွမ်းအင်တွေဟာ မြေကမ္ဘာ သူတော်စင်တစ်ဦး အင်အားအပြည့် တိုက်ခိုက်မှုနဲ့ ညီမျှသွားပါတော့တယ်။

ပြောရရင် ဒီအဖြူရောင် အလင်းလုံးဟာ မြေကမ္ဘာသူတော်စင် တစ်ဦးက မုကွေးကို လက်ဆင့်ကမ်းပေးခဲ့တာပါပဲ။ ရန်သူကို ထိမှန်သွားချိန်မှာ မူလတာအို သူတော်စင်ဆိုရင် ချက်ချင်း သေဆုံးသွားနိုင်ပါတယ်။

ဒီအချိန်မှာတော့ ပိုင်ရီ ရှောင်တိမ်းဖို့ အလွန်နောက်ကျသွားခဲ့ပါပြီ။ ဒါကြောင့် ထိပ်တိုက် ရင်ဆိုင်ဖို့သာ ရှိပါတော့တယ်။

ဒါပေမဲ့ ပိုင်ရီက ဒီတိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်လိုပါဘူး။ သူအော်ပြောလိုက်ပါပြီ။

“ဂိုဏ်းတူညီလေး.. ကယ်ပါဦး”

ပကျူး ပကျူး ပကျူး
ကျီးကန်းတစ်ကောင် ဖြတ်ပျံသန်းသွား။

ရှိနေကြသူ အားလုံး မှင်သက်သွားခဲ့ကြပါပြီ။ ဂိုဏ်းတူညီလေး ဆိုတာက။

ဟူး

ရှိနေကြသူတွေ ဘာမှန်းမသိလိုက်ခင်မှာပဲ ရွှေရောင်လက်ဝါးကြီး တစ်ဖက်ဟာ ပိုင်ရီအရှေ့မှာ ရုတ်ချည်း ပေါ်ထွက်လာပြီး ကာကွယ်ပေးလိုက်ပါတော့တယ်။

အဖြူရောင် အလင်းလုံးဟာ မြေကမ္ဘာ သူတော်စင်တစ်ဦးရဲ့ အင်အားအပြည့် တိုက်ခိုက်မှုနဲ့ ညီမျှပေမဲ့လည်း ပူပေါင်းတစ်ခုလုံး ပေါက်ကွဲသွားရှာပါပြီ။ ဘာစွမ်းအင်လှိုင်းမှလည်း မထွက်ပေါ်လာခဲ့ပါဘူး။

“???”

အားလုံး အကြွင်းမဲ့ တိတ်ဆိတ်ငြိမ်သက်သွားပါတော့တယ်။

မုကွေးလည်း မယုံကြည်နိုင်စွာနဲ့ မျက်လုံးကို ပွတ်သပ်လိုက်ပါပြီ။ သူပဲ အိပ်မက် မက်နေတာလား။

ပထမအကြီးအကဲ ပေးအပ်လိုက်တဲ့ တိုက်ခိုက်ရေး ပစ္စည်းဟာ ဒီလိုနဲ့ အဆုံးသတ်သွားပြီတဲ့လား။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now