Book 13 Ch 1 - 7

586 45 0
                                    


#အပူအပင်မဲ့အင်မော်တယ်
Book 13
Chapter 1

ရွှမ်းရီတောင်တန်းဂိုဏ်းရဲ့ အနောက်ဘက် တောင်ထိပ်မှာ…

လောင်ဝေဝေတစ်ယောက် မျက်လုံးကို မှိတ်ထားပြီး အသက်ကို မှန်မှန် ရှူနေခဲ့ပါတယ်။ မိန်းကလေးရဲ့ ခန္ဓာကိုယ်ထဲ စုပ်ယူခြင်း ခံလိုက်ရတဲ့ သန့်စင်သောယန် စွမ်းအင်တွေဟာ ပူလောင်လှတဲ့ ဝိညာဉ်စွမ်းအင်တွေအဖြစ် ပြောင်းလဲသွားပြီး သူမရဲ့ ဒန်တျန်နဲ့ ပေါင်းစည်းသွားခဲ့ပါပြီ။

ချင်းကျူက လောင်ဝေဝေရဲ့ ခန္ဓာကိုယ်က အင်းကွက်ကို ဖယ်ရှားလိုက်ချိန်ကစလို့ သူမရဲ့ တိုးတက်နှုန်းဟာ ဆတိုး ဖြစ်လာပါတော့တယ်။

လဝက်အတွင်းမှာပဲ သူမဟာ အောင်မြင်အောင် အဆင့်တက်နိုင်ခဲ့ပြီး ဇင်တျန် နောက်ပိုင်းအဆင့်ကို ရောက်ရှိလာခဲ့ပါပြီ။

ဒီနှုန်းနဲ့ ဆိုရင် မကြာခင် လအနည်းငယ် အတွင်းမှာ သူမအနေနဲ့ ဇီဖူအဆင့်ကို တက်လှမ်းနိုင်တော့မှာပါ။

ဒါပေမဲ့ ချင်းကျူက ပိုင်ရီကို ဒီအကြောင်း ကြိုတင် အသိပေးထားခဲ့ပါတယ်။ မဟုတ်ဘူးဆိုရင် မိန်းကလေးရဲ့ တိုးတက်နှုန်းနဲ့ မကြာခင်မှာ ရွှမ်းရီတောင်တန်းဂိုဏ်းရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေ ထိုင်ခုံ မမြဲတော့ပဲ ဖြစ်သွားရမှာပါ။

“ဒီကောင်မလေးရဲ့ ပါရမီက တော်တော်လေး ထူးတယ် ဆိုရမယ်။ သူမရဲ့ ကျင့်စဉ်က သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေနဲ့ ပတ်သက်နေသလိုပဲ”

လောင်ကျန်းလည်း လက်ကို နောက်ပစ်ပြီး ရပ်ရင်း စဉ်းစဉ်းစားစား ပြောလိုက်ပါပြီ။

“အမှန်ပဲ။ သူမက သန့်စင်သောယန် အစစ်အမှန် ကျင့်စဉ်ကို လေ့ကျင့်ထားတာပဲလေ”

ချင်းကျူ ခေါင်းညိတ်လိုက်ပါပြီ။

“အော်.. ငါနားလည်ပြီ”

လောင်ကျန်း သဘောပေါက်သွားခဲ့ပါပြီ။

သူ့ရဲ့ ဗဟုသုတနဲ့ ဆိုရင် သန့်စင်သောယန် အစစ်အမှန် ကျင့်စဉ်အကြောင်းကို သိထားပြီးသားပါ။

“အော်.. ဒါနဲ့.. ဗဟိုကုန်းမြေတိုက်ကြီးမှာ အခြေအနေတွေ ဘယ်လိုရှိသေးလဲ”

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now