8 - 14

548 47 2
                                    


#အပူအပင်မဲ့အင်မော်တယ်
Book 13
Chapter 8

“ဂရား”

“ဂရား”

အနက်ရောင် တောအုပ်ထဲကနေ အရှိန်အဝါ ကြီးမားလှတဲ့ မိစ္ဆာသားရဲကြီး တစ်ကောင် ကောင်းကင်ယံအထက် ပျံတက်လာခဲ့ပါပြီ။ သူဟာ အလွန်ကို မာနကြီပါတယ်။ တစ်လောကလုံးရဲ့ ဧကရာဇ် တစ်ဦးလို ထင်မှတ်မှားရလောက်မတတ်ပါပဲ။ အနီးဝန်းကျင်မှာ ရှိနေတဲ့ အဆင့်နိမ့် မိစ္ဆာသားရဲတွေလည်း တုန်လှုပ်ချောက်ချားစွာ ထွက်ပြေးသွားခဲ့ကြပါပြီ။

“ရပါပြီဟ။ မအော်ပါနဲ့တော့။ ငါတို့တွေ သွားတော့မှာပဲလေ”

ချင်းကျူလည်း မျက်နှာသုန်မှုန်စွာ ပြောလိုက်ပါတော့တယ်။

ဟက်စကီဟာ ဝမ်ရှင်းသူတော်စင်အဆင့် မိစ္ဆာသားရဲ ဖြစ်ပေမဲ့လည်း သူ့ရဲ့ အကျင့်စရိုက်ဟာ ကမ္ဘာမှာ ရှိတဲ့ ဟက်စကီတွေနဲ့ မခြားပါဘူး။ သေချာရွေးချယ် မျိုးစပ်ပြီးတော့ အသိဉာဏ်ထက် အလှအပကို  ဦးစားပေခဲ့တဲ့ မိစ္ဆာသားရဲ ပီသပါပေတယ်။

“ဟုတ်ကဲ့ဆရာ။ ဟုတ်ကဲ့။ ဆရာပြောတာ အမှန်ချည်းပဲ”

ဟက်စကီလည်း ပြုံးလိုက်ပြီး လျှာကြီးကို ထုတ်လိုက်ပါပြီ။ သူက အလွန်ကို လိမ်မာနေခဲ့ပါတယ်။

“နေဦး.. ကျွန်တော်တစ်ခုခုကို မေ့သွားတယ်”

တစ်ခုခုကို သတိရသွားခဲ့ပြီးနောက် ဟက်စကီကြီးလည်း လှိုဏ်ဂူထဲ ခုန်ပေါက်ဝင်သွားခဲ့ပါပြီ။ မကြာခင်မှာတော့ သူ့ပါးစပ်ထဲ အရိုးတစ်ချောင်းကို ကိုက်ထားလျက်နဲ့ ပြေးထွက်လာပါတော့တယ်။

ပကျူး ပကျူး ပကျူး
ကျီးကန်းတစ်ကောင် ဖြတ်ပျံသွား။

ချင်းကျူ
“…”

“ဟီး ဟီး.. ဆရာ.. ဒီအရိုးက ကျွန်တော်နဲ့ အတူ ရှိနေတာ နှစ်ပေါင်းများစွာ ကြာသွားပြီဗျ။ သူက ကျွန်တော့်အတွက် ရင်းနှီးတဲ့ ညီအစ်ကိုတစ်ဦးပဲ။ ဒါကြောင့် လူသားအသွင်ကို ကျွန်တော် ပြောင်းလဲတဲ့ အချိန်မှာ သူ့ကို လက်နက်အဖြစ် အသုံးပြုမှာဗျ”

ဟက်စကီကြီးလည်း အရိုးကို လျှာနဲ့ လျက်ရင်း ပြောလိုက်ပါတော့တယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now