Book 14 Ch 1 - 7

515 53 0
                                    


#အပူအပင်မဲ့အင်မော်တယ်
Book 14
Chapter 1

တကယ်လို့သာ ရှေးခေတ်ဟောင်း ဘိုးဘေးကြီးတွေ ဖြစ်မယ်ဆိုရင်တော့ လောင်ကျန်းတစ်ယောက် နည်းနည်းတော့ စိုးရိမ်မိမှာပါ။ ဒါပေမဲ့ ကျိုယိုက ဘိုးဘေးသူတော်စင် အဆင့်သာ ရောက်ပါသေးတယ်။

တခြားလူတွေရဲ့ မျက်လုံးထဲမှာတော့ ကျိုယိုဟာ ထိပ်တန်းအဆင့် တည်ရှိမှု ဖြစ်နေပါပြီ။ ဒါပေမဲ့ လောင်ကျန်းအတွက်ကတော့ ကလေးတစ်ယောက်နဲ့ မခြားတော့ပါဘူး။ သူ့အနေနဲ့ ကျိုယိုအတွက် သေမင်းကို လက်တစ်ဖက်တည်းနဲ့ ဆင့်ခေါ်ပေးနိုင်ပါတယ်။

ဒါ့အပြင်ကို ဒီကမ္ဘာရဲ့ ပတ်ဝန်းကျင် အခြေအနေကို လောင်ကျန်း တဖြည်းဖြည်းချင်း ကျင့်သားရလာပါပြီ။ သူ့အပေါ် လွှမ်းမိုးမှုတွေ မရှိတော့ရုံတင်မက အဆင့်တက်ဖို့ပါ မျှော်လင့်ချက် မြင်တွေ့လာခဲ့ရပါတယ်။ သူအဆင့်တက်သွားတာနဲ့ သိသိသာသာကို ပိုပြီး အစွမ်းထက်လာတော့မှာပါ။

ခလွမ်

အချင်းဝက် ပေတော်တော်များများ ရှိနေတဲ့ အနက်ရောင်မိုးကြိုးတစ်ခု ကောင်းကင်အထက်ကနေ ကျဆင်းလာခဲ့ပါပြီ။ ဒီမိုးကြိုးဟာ မာန်ဖီနေတဲ့ နဂါးကြီး တစ်ကောင် အသွင်နဲ့ လောင်ကျန်းဆီကို ဦးတည် ဝင်ရောက်လာပါတော့တယ်။

အနက်ရောင်မိုးကြိုးထဲပါဝင်တဲ့ စွမ်းအင်တွေဟာ ဘယ်မဟာသူတော်စင်ကိုမဆို သတ်ဖြတ်ဖို့အတွက် လုံလောက်နေပါပြီ။

ဒါပေမဲ့ လောင်ကျန်းအနားကို မရောက်ခင်မှာပဲ မိုးကြိုးဟာ လွင့်ပြယ်သွားပါတော့တယ်။

“မင်းကို နောက်ထပ် အခွင့်အရေး တစ်ကြိမ် ထပ်ပေးမယ်။ အခု ငါ့ရဲ့ တန်ခိုးရှင် ဘယ်မှာလဲဆိုတာ ပြောပါ။ အဲဒါဆိုရင် စိတ်ဝိညာဉ်ရှာဖွေလို့ ခံစားရတဲ့ နာကျင်မှုကနေ ကင်းလွတ်လိမ့်မယ်”

“ဟား ဟား ဟား.. ပေါက်တတ်ကရတွေ ပြောမနေနဲ့။ တိုက်ပွဲက အခုမှ စမှာကွ”

ကျိုယို နှာခေါင်းရှုံ့လိုက်ပါပြီ။

၀ုန်း

ချက်ချင်းဆိုသလိုပဲ အနက်ရောင် မိုးကြိုးအများအပြား ရေတံခွန်တွေသဖွယ် ကောင်းကင်အထက်ကနေ ကျဆင်းလာပါတော့တယ်။ ဒီတစ်ကြိမ်တော့ ကြိုယို အပြင်းအထန် တိုက်ခိုက်လာခဲ့ပါပြီ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now