8 - 14

588 49 1
                                    

#အပူအပင်မဲ့အင်မော်တယ်
Book 14
Chapter 8
ငါမတက်ရသေးဘူးဟ

ပုံရိပ်ယောင် လွှမ်းမိုးမှုကိုလည်း မခံစားရဘူးဆိုတာ ချင်းကျူ သေချာခဲ့ပါတယ်။ ပြီးတော့ ထာ၀ရ ညအင်ပါယာကို တကယ်ပဲ သူသတ်လိုက်တာပါ။ မဟုတ်ဘူးဆိုရင် သူ့အနေနဲ့ သတိမထားမိစရာ အကြောင်းမရှိပါဘူး။

ဒါ့အပြင်ကို ထာ၀ရညအင်ပါယာရဲ့ တန်ခိုးကျင့်စဉ် အခြေခံအရ သူ့အနေနဲ့ မဟာစကြ၀ဠာ ပဉ္စမ အဆင့် ကိုယ်ပွားကို ခွဲဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။

ဒါပေမဲ့ ဘာဖြစ်လို့ သူ့အရှေ့မှာ ထာ၀ရ ညအင်ပါယာက ဒဏ်ရာတစ်ချက် မရှိပဲ ပြန်ပေါ်လာခဲ့တာလဲ။

အစောပိုင်းတုန်းက တွေ့ခဲ့ရတဲ့ သဲအင်ပါယာလိုမျိုး အင်မော်တယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလို့လား။

“ငါပြောပြမယ်ဆိုရင် နောင်ကျရင် ငါ့ကို တကယ်မသတ်ဘူးဆို သေချာတယ်နော်”

ထာ၀ရ ညအင်ပါယာလည်း သတိထားပြီး မေးမြန်းလိုက်ပါပြီ။ ချင်းကျူက သူ့ကို လက်သီးနဲ့ ရုတ်တရက်ကြီး ထိုးလိုက်ရင် ဘယ်လိုလုပ်မတုန်း။

အစတုန်းကတော့ ဒီလို တိတ်တဆိတ် လုပ်ကြံတိုက်ခိုက်ရင် ချင်းကျူ ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မယ်လို့ ထင်ထားမိခဲ့ပါတယ်။ ဒါပေမဲ့ တန်ပြန်အင်အားကြောင့် သူပဲ ဒဏ်ရာအပြင်းအထန် ရလိုက်မယ်လို့ ထင်မထားမိခဲ့ပါဘူး။ အခုအချိန်မှာတော့ ချင်းကျူနဲ့ သူနဲ့အကြား ကွာခြားချက် ဘယ်လောက်ကြီးမားကြောင်း နားလည်သွားခဲ့ပါပြီ။

“ဒီလူသားက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်”

“မင်းအခု ငါနဲ့ စျေးညှိဖို့ အခွင့်အရေး မရှိဘူး။ ငါ့ကို ပြောပြရင် ပြောပြ။ မဟုတ်ရင် သေလိုက်တော့”

ချင်းကျူလည်း ထာ၀ရ ညအင်ပါယာကို လက်ညှိုးထိုးပြီး ပြောလိုက်ပါတော့တယ်။ အချိန်မရွေး ထာ၀ရ ညအင်ပါယာကို ချင်းကျူ တိုက်ခိုက်တော့မယ့် အသွင်ပါပဲ။

“မလုပ်ပါနဲ့။ မလုပ်ပါနဲ့။ ကျွန်တော် ပြောပြပါ့မယ်”

ထာ၀ရ ညအင်ပါယာ သွေးပျက်ချောက်ချားသွားခဲ့ပါပြီ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now