Book 16 Ch 1 - 7

602 44 0
                                    

#အပူအပင်မဲ့အင်မော်တယ်
Book 16
Chapter 1
ယန္တရားသက်ရှိ

ရိုးရိုးသားသား ပြောရရင်တော့ အခုအချိန် ထပ်ပြီး ဘ၀ကူးပြောင်းသွားတယ်လို့ လောင်ကျန်း ခံစားလိုက်ရပါတော့တယ်။

ဘာဖြစ်လို့လည်းဆိုတော့ သူ့အရှေ့ ရှိနေတဲ့ သက်ရှိဟာ အစွမ်းထက်တဲ့ လူသားတန်ခိုးရှင်တစ်ဦးလည်း မဟုတ်သလို ပြိုင်ဘက်ကင်းတယ်ဆိုရမယ့် မိစ္ဆာသားရဲတစ်ကောင်လည်း ဖြစ်မနေခဲ့ပါဘူး။

အဲဒီအရာကတော့ ဖျက်ဆီးလို့ မရနိုင်တဲ့ ရွှေရောင် စစ်သင်္ဘောကြီးတစ်စင်းပါပဲ။

လောင်ကျန်း နားမလည်နိုင်အောင် ဖြစ်သွားခဲ့ပါပြီ။

ဒီကမ္ဘာက သိုင်းပညာကိုသာ အဓိက အသုံးပြုတဲ့ ကမ္ဘာလောက မဟုတ်ဘူးလား။

လောင်ကျန်း သဘောမပေါက်နိုင်ခင်မှာပဲ စစ်သင်္ဘောကြီးဟာ စကြ၀ဠာ လေဝဲကြီး အပြင်ဘက်ကို ပျံသန်းလာခဲ့ပြီး နေနက်မြို့တော် အထက် ရောက်ရှိလာခဲ့ပါပြီ။

ဒီစစ်သင်္ဘောဟာ မီတာပေါင်းထောင်ချီ ရှည်လျားပြီး ကောင်းကင်တစ်ခုလုံးကို အပြည့်နေရာ ယူထားခဲ့ပါတယ်။ သူ့ဆီမှာ နည်းပညာ မြင့်မားတဲ့ လက်နက် အမျိုးမျိုး တပ်ဆင်ထားတာကိုလည်း တွေ့ရမှာပါ။ မကြာခင်တုန်းက ထွက်ပေါ်လာတဲ့ အနက်ရောင် အလင်းတန်းဟာ ဒီစစ်သင်္ဘောကြီးဆီကနေပဲ ဖြစ်နိုင်ပါတယ်။

ကလစ် ကလစ် ကလစ်

ရုတ်တရက်ဆိုသလိုပဲ စစ်သင်္ဘောရဲ့ ဦးပိုင်း ပွင့်သွားခဲ့ပါပြီ။ လူရိပ်ဆယ်ခုကျော်လောက် ပျံသန်းပေါ်ထွက်လာခဲ့ပြီး လောင်ကျန်းကို ဝိုင်းထားလိုက်ကြပါတော့တယ်။

သူတို့ အားလုံးဟာ အရပ်မြင့်မားကြပေမဲ့ လူသားတွေ မဟုတ်ခဲ့ကြပါဘူး။ သတ္ထုနဲ့ တည်ဆောက်ထားခဲ့တဲ့ စက်ရုပ်တွေပါ။

တစ်ရက်ရက်မှာတော့ သိုင်းကမ္ဘာမှာပဲ ယန္တရားစက်ရုပ်တွေကို မြင်တွေ့ရလိမ့်မယ်လို့ လောင်ကျန်း ထင်မထားမိခဲ့ပါဘူး။

ဒီ ဒီ ဒီ

“အစွမ်းထက်လှတဲ့ သက်ရှိပါလား”

ခေါင်းဆောင်ဖြစ်တဲ့ ယန္တရား စက်ရုပ်က လောင်ကျန်းကို ကြည့်ပြီး ရေရွတ်လိုက်ပါပြီ။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now