Book 17 Ch 1 - 7

512 43 0
                                    

#အပူအပင်မဲ့အင်မော်တယ်
Book 17
Chapter 1
အဘိုးကြီး သေလိုက်တော့

ဗဟိုကုန်းမြေတိုက်ကြီးရဲ့ သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေ။

ဝိညာဉ်ဗဟိုကမ္ဘာတစ်ခုလုံးမှာ သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေဟာ သက်တမ်းအရှည်ကြာဆုံးလို့ ဆိုနိုင်တဲ့ သိုင်းတာအို အဖွဲ့အစည်းတစ်ခုပါ။

သူတို့တွေရဲ့ အခြေခံ အုတ်မြစ်ဟာ အလွန်ကို နက်ရှိုင်းလှတဲ့ အပြင်ကို သူတို့ရဲ့ တန်ခိုးရှင်တွေဟာလည်း တိုက်ပွဲတွေ ရင်ဆိုင်တိုက်ခိုက်ရာမှာ အလွန်ကြောက်မက်ဖွယ် ကောင်းအောင် အစွမ်းထက်ခဲ့ကြပါတယ်။ သူတို့ရဲ့ တန်ခိုးရှင်တစ်ဦးဟာ ရန်သူထက် တန်ခိုးကျင့်စဉ်အခြေခံ အနည်းငယ်လောက် နိမ့်ကျနေရင်တောင်မှ သူတို့ရဲ့ အံ့မခန်း အော်ရာအရှိန်အဝါကို အသုံးပြုပြီး ရန်သူကို အောင်မြင်နိုင်စွမ်း ရှိခဲ့ကြပါတယ်။

တောင်ဂိတ်ပြိုင်ပွဲမှာ လောင်ဝေဝေရဲ့ စွမ်းဆောင်မှုကို ကြည့်ရင် ဒီကိစ္စကို သိမှာပါ။ သူမရဲ့ သိုင်းကွက်တိုင်းဟာ အလွန်ကို ဩဇာအာဏာ အရှိန်အဝါ ကြီးမားခဲ့ပါတယ်။

ခန္ဓာကိုယ် အရွယ်အစားကြောင့်သာ မဟုတ်ဘူးဆိုရင် သူမဟာ တိုက်ပွဲဝင်နေတဲ့ ကင်းကောင်ကြီးတစ်ကောင်လို ဖြစ်နေတော့မှာပါ။

ပြီးတော့ သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေဟာ သူတို့ရဲ့ ကလန်သားတွေကို အလွန်အကာအကွယ်ပေးခဲ့ပါတယ်။ ကလန်သားတွေ ထိခိုက်မှု ရှိလာတာနဲ့ တိုက်ခိုက်လိုက်တဲ့ ရန်သူကို ကမ္ဘာဆုံးအထိ တန်ခိုးရှင်တွေ စေလွှတ်ပြီး ရှင်းလင်းသုတ်သင်ပစ်စမြဲပါ။ ဒါကြောင့် သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေကို အပြစ်ပြုဝံ့သူ မရှိသလောက် ဖြစ်နေပါပြီ။

အချိန်ကြာလာတာနဲ့အမျှ သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေသားတွေဟာ အပြင်လောကကို ထွက်လာတိုင်း မောက်မာစွာ ပြုမူဆက်ဆံတတ်လာပါတော့တယ်။ မြင့်မြတ်သော အင်မော်တယ် ကုန်းမြေက တန်ခိုးရှင်တွေ မဟုတ်ဘူးဆိုရင် သူတို့ ဘယ်တော့မှ ခေါင်းမငုံ့ကြတော့ပါဘူး။

ဒီအချိန်မှာတော့ သန့်စင်သောယန် မြင့်မြတ်သော ကုန်းမြေ အတွင်းထဲမှာ ရွှမ်းရီတောင်တန်းဂိုဏ်းကနေ ပြန်လာခဲ့တဲ့ မြေကမ္ဘာ သူတော်စင်နှစ်ဦး တုန်လှုပ်စွာနဲ့ နန်းဆောင်ထဲ ဝင်ရောက်သွားခဲ့ကြပါပြီ။ သူတို့ မျက်နှာတွေအထက် စိုးရိမ်ပူပန်မှုတွေ ပြည့်နေခဲ့ပါတယ်။

တာအိုခဲတံ ( အပူအပင်မဲ့ အင်မော်တယ် ) (ချင်းကျူ) ( စ / ဆုံး )Where stories live. Discover now